Thursday, December 19, 2013

ရန်ကုန်တိုင်းအတွင်းရှိ ပါတီဝင်များ ၂၀၁၅ အမတ်လောင်းနေရာ

ကြိုတင်ရွေးချယ်မှုများ ပြုလုပ်နေခြင်းကို ရပ်တန့်ကြရန် NLD တိုင်းဥက္ကဌ ပြော
Thursday, December 19, 2013

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အလိုက် အင်န် အယ်လ်ဒီပါတီဝင်များ ကြားတွင် ၂၀၁၅ရွေးကောက်ပွဲ အမတ် လောင်းနေရာအတွက် ကြိုတင် ရွေးချယ်နေမှုများပြုလုပ်နေခြင်း ကိုရပ်တန့်ကြရန် တိုင်းဥက္ကဋ္ဌက ယနေ့ပြု လုပ် သည့် အင်န်အယ်လ် ဒီ၏ မြို့နယ်၊ ခရိုင်၊ တိုင်း ပါတီ အလုပ်အမှုဆောင်များ ဒုတိယ အကြိမ်တွေ့ဆုံပွဲတွင် သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ရက် နံနက် ၁ဝနာရီက ဗဟန်းမြို့နယ် တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ မြို့နယ်၊ ခရိုင်၊ တိုင်း အလုပ်မှုဆောင်များ ဒုတိယ အကြိမ်တွေ့ ဆုံပွဲ တွင် ပါတီဝင်များ ကို သတိပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးက ''အခုမြို့နယ် ခရိုင်တွေမှာ အမတ်ရောဂါထနေ သူတွေက တော်တော်များတယ်'' ဟု တက်ရောက်လာသည့် အလုပ် အမှုဆောင်များကို ပြောသည်။ NLD ပါတီဝင်များတွင် ပိုက်ဆံရှိလို့ အမတ်လုပ် ချင်သူ ၊ အချို့က ဘယ်နေရာမှာ ဘာတာ ဝန်ယူထားလို့ဆိုပြီး အမတ်လုပ် ချင်နေသူ၊ သက်ဆိုင်ရာဗဟိုအဖွဲ့ က အမတ်မတင်ရင် ငါ့မှာ ပိုက် ဆံရှိနေသည့်အတွက် တစ်သီး ပုဂ္ဂလအမတ် လုပ်မည်ဆိုသည့် အယူအဆများ ရှိနေသူများရှိနေပြီး ပါတီဝင်များ အနေဖြင့် အမတ် လောင်းအိမ်မက် မက်ခွင့်ရှိသော် လည်း ယင်းတို့အနေဖြင့် သက် ဆိုင်ရာမြို့နယ်၏အကျိုးကို လုပ် ဆောင်နိုင်ရန် အရင်ကြိုးပမ်းရ မည်ဖြစ်ကြောင်း ဥက္ကဋ္ဌက သတိ ပေးသည်။

ယင်းအပြင် အင်န်အယ်ဒီ ပါတီအတွင်း အောက်ခြေသဘော ထား မတိုက်ဆိုင်မှုများရှိနေပြီး ယင်းတို့ကို ပါတီဝင်များက စည်း လုံးစွာ ဆက်လက်လုပ်ကိုင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး ၄၅မြို့နယ်တွင် ပါတီရုံး မရှိသေး သည့် မြို့နယ် နှစ်ခုတွင် ပါတီဝင်အင်အားတိုး ရေးနှင့် ပါတီရုံး စိုက်ထူနိုင်ရေး ပူး ပေါင်းဆောင်ရွက်ကြရန် လိုနေ ကြောင်း တိုင်းဥက္ကဋ္ဌက ပြောသည်။ ဥက္ကဋ္ဌက ''ရန်ကုန်တိုင်းမှာ ဆိပ်ကမ်းမြို့နယ်နဲ့ ကိုကိုးကျွန်း မြို့နယ်နှစ်ခုမှာ ပါတီဝင်မရှိဘူး။ ပါတီရုံး မရှိဘူး။ ဒါတွေကို ပူးပေါင်း လုပ်ဆောင်ရမယ်''ဟု မြို့နယ်၊ ခရိုင် အလုပ်အမှုဆောင်များကို ပြော သည်။

အဆိုပါ အလုပ်အမှုဆောင် များဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၈ ရက်နေ့ တစ်နေကုန် ပြုလုပ်မည် ဖြစ်ပြီး တခြားဆွေးနွေးမှုများကို ပါတီဝင်များသာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျ

No comments:

Post a Comment