Wednesday, December 4, 2013

ငါလိုယောင်္ကျား ပြဿဒါး မရှိ


ကိုယ်သေချာသိတဲ့ အလုပ်တခုအတွက် အရင်းအနှီးပိုက်ဆံထည့်ဖို့
တော်တော်လေးစဉ်းစားကြတယ်။
အမြတ်ရှိပါ့မလား အရှုံးပေါ်မှာလား တွေးပြီး
တွန့်ဆုတ်ကြတယ်။
ရလဒ်က ရှုံသွားလည်း ပိုက်ဆံကိုကြိုးစားပြီး ပြန်ရှာဖို့ လွယ်ကူတယ်။

ကိုယ်သေချာမသိတဲ့ လူတယောက်ကို ချစ်မိတယ်။
အရှုံး အမြတ်လည်းတွက်ချက် မနေကြဘူး။
မတွန့်မဆုတ်ဘဲ အချိန်နဲ့နှလုံးသားတခုလုံးကို အချစ်ဆိုသော
ခေါင်းစဉ်အောက်မှာ ရက်ရက်ရောရော ရင်းခဲ့ကြတယ်။
ရလဒ်က ရှုံးသွားရင် နောက်ထက်အချစ်ကို ရှာဖွေဖို့
လက်ခံဖို့မလွယ်ကူတော့ဘူး။

ဆုံးရှုံးတာချင်းအတူတူ
ရရှိတဲ့ သင်ခန်းစာခြင်းမတူညီတော့ဘူး။
သင်ခန်းစာယူပြီး ကြိုးစားချင်စိတ်ဖြစ်စေတဲ့ အရှုံးထဲက အမြတ်။
ဘဝတသက်စာ ချစ်ခြင်းကိုကြောက်ရွံ့စိတ်ဖြစ်စေတဲ့ အရှုံးထဲက အရှုံး။

ဆုတောင်းမိတယ် သူတစ်ပါးကို ဘဝတသက်စာ အရှုံးနွံထဲ
နှစ်သူမဖြစ်ပါစေနဲ့လို့။
ကိုယ်ကိုကိုယ်လည်း မနစ်ပါရစေနဲ့ဟု။==

No comments:

Post a Comment