Wednesday, December 4, 2013

(၂)နှစ်ခန့်အချိန်ကာလအတွင်း ..

Ye Moe · 6,148 followers
11 minutes ago ·
...
ဒေါ်အောင်ဆန်းစုကြည် အချိန်ပေးဆောင်ရွက်ခဲ့သော ....
သူရဦးရွှေမန်း နှင့် မဟာမိတ်ဝင်ရိုးတန်း တည်ဆောက်ရေး ဗျူဟာကြောင့် ...
မည်သည့် အကျိုးအမြတ်များ ထွက်လာခဲ့ပါသနည်း......

ဤသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ပါသည်....
သူရဦးရွှေမန်း အနေဖြင့် ....
ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကို အကျိုးရှိရှိ အသုံးချ၍ ....
အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်.....

တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံမှုများတွင် ....
ဒေါ်အောင်ဆန်းစုကြည် သည် ....
သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပါသည်....

တစ်ဘက်သတ်ဆန်သော....
အာဏာရှင် ဆန်လာသော ....
လွှတ်တော်၏ အုံနှင့်ကျင်းနှင့် လုပ်ဆောင်မှုများတွင် .....
ဒေါ်အောင်ဆန်းစုကြည် သည် .....
သူရဦးရွှေမန်း ဘက်က ရပ်တည်ပေးခဲ့ပါသည်.....

အမြင်သာဆုံး ဥပမာ ပြရလျှင် ....
သူရဦးရွှေမန်း၏ သားများ ၀င်ရောက်လုပ်ကိုင်နေသည့် .....
မိုဘိုင်းဖုန်း အော်ပရေတာလိုင်စင် ချထားပေးရေး ကိစ္စတွင် ....
အရေးကြီးအဆို တင်သွင်း၍ ကြားဝင်ရန် ကြိုးပမ်းခဲ့ရာ၌ .....
NLD ပါတီသည် သူရဦးရွှေမန်းဘက်က ရပ်တည်ပေးခဲ့ပြီး .....
NLD အမတ် ဦးဝင်းမြင့် (ပုသိမ်)က ....
တက်ကြွစွာ တိုက်ပွဲဝင်ပေးခဲ့ပါသည်.....

တရား ဥပဒေစိုးမိုးရေးကို ဦးဆောင်ရမည့် .....
ခေါင်းဆောင်တစ်ဦး ဖြစ်သော .....
ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ သည် ....
အခြေခံဥပဒေခုံရုံး အား စွပ်စွဲပြစ်တင်ခဲ့ ရာတွင် ....
သူရဦးရွှေမန်း ဘက်က ....
မားမားမတ်မတ် ရပ်တည်ပေးခဲ့ ကြပါသည်.....

မဟာမိတ်ဝင်ရိုးတန်း စိတ်ကူးဖြင့် .....
လွှတ်တော်၏ လိုအပ်ချက်များ.....
မှားယွင်းမှုများကို ....
တစ်စုံတစ်ရာ ထောက်ပြ ပြောကြားခြင်း မပြုခဲ့ဘဲ .....
အစိုးရအား အတိုက်အခံပြုမှု များတွင် ....
တက်တက် ကြွကြွ ပူးပေါင်းပါဝင် ခဲ့ပါသည်......

ပြုပြင် ပြောင်းလဲရေး များကို .....
အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော .....
ဦးသိန်းစိန် အစိုးရအား အကောင်းမမြင်ကြရန်......
ရင်းနှီးမြုပ်နှံမှုများ ....
၂၀၁၅ ရွေးကောက်ပွဲ စောင့်ကြည့်ပြီးမှ ၀င်ရောက်ကြရန် .....
နိုင်ငံ တကာကို ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပြီး ....
အစိုးရ နာမည်ပျက်စေရန် ကန်ပိန်းချ ဆောင်ရွက်ခဲ့ပါသည်.....
တပ်မတော်သားများ ....
နိုင်ငံရေးတွင် ၀င်ရောက်ပါဝင်ခြင်း မပြုသင့်ကြောင်း.....
ကြိမ်ဖန်များစွာ ၀ါဒဖြန့်ချိခဲ့ပါသည် ....

ဒေါ်အောင်ဆန်းစုကြည်၏ .....
တွေးခေါ်ယူဆမှု ၊ ဆုံးဖြတ်ချက် ချမှတ်မှု တို့သည် ....
နိုင်ငံ နှင့် ပြည်သူအတွက် အထူးပင် အရေးကြီးပါသည်.....
အများကလည်း အားကိုးတကြီး .....
ယုံကြည်မှုကြီးစွာဖြင့် မျှော်လင့်နေခဲ့ကြပါသည်.....

သို့သော် .... ဒေါ်အောင်ဆန်းစုကြည်သည် .....
ပြည်သူများ၏ မျှော်လင့်ချက်များကို .....
ကြေမွစေခဲ့သော ခြေလှမ်းမှားများ လှမ်းခဲ့ပြီး ဖြစ်ပါသည်.....

ဦးသိန်းစိန် နှင့် ရော .....
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ပါ ....
နီးကပ်မလာဘဲ ပို၍ ပို၍ ဝေးကွာခဲ့ရခြင်း၏ တရားခံသည် .....
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သာလျှင် ဖြစ်ပါလိမ့်မည် ....

သူရ ဦးရွှေမန်းဖက်သို့ ....
အချီကြီး ပုံအောထားသူ တစ်ယောက်ကို .....
သမ္မတ နှင့် တပ်ချုပ်က မည်သို့ သဘောထားမည် ဟူသည်ကိုလည်း .....
အထူးတလည် စဉ်းစားနေစရာ မလိုပါ .....

ဒေါ်အောင်ဆန်းစုကြည် သာ .....
ဦးသိန်းစိန် အစိုးရ ကို .....
နိုင်ငံတကာ အလယ်တွင် အမှတ်လျော့အောင် မလုပ်ခဲ့ဘဲ ....
ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ပေးခဲ့ပါက .....
ယခုထက် ပိုမိုသာလွန်သော ....
စီးပွားရေး အခြေအနေ တစ်ရပ်ရပ်ကို ရရှိချင် ရရှိနေပါလိမ့်မည် .....

တပ်မတော် နှင့် ပိုမို ဝေးကွာစေမည့် .....
တွန်းအားကို မသုံးခဲ့ဘဲ ဆွဲအားကို သုံးခဲ့ပါလျှင် ....
ယခုထက် ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို .....
ရရှိချင် ရရှိနေပါလိမ့်မည် .....

နားလည်ရ ခက်နေ သည်မှာ ....
ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် .....
သူရ ဦးရွှေမန်းဘက်ကို ပုံအော နိုင်ခဲ့သလိုမျိုး .....
မည်သည့် အတွက်ကြောင့် ....
သမ္မတ နှင့် တပ်မတော်ကို စည်းရုံးရမည် ဟု .....
မတွေးတော နိုင်ခဲ့ပါသနည်း.....

ယခု အချိန်တွင် ....
မည်သူ ရှုံး၍ မည်သူနိုင်သနည်း .....
တွက်ချက် ကြည့်နိုင်ပြီ ဖြစ်ပါသည် ....
သမ္မတ လည်း မရှုံးပါ ......
တပ်မတော် လည်း မရှုံးပါ .....
သူရ ဦးရွှေမန်း လည်း မရှုံးပါ .....
တစ်ကယ်တမ်း အရှုံးပြ ခဲ့သည်မှာ .....
(၂)နှစ်နီးပါး အချိန်များ ရင်း၍ ....
မည်သည့် အကျိုးအမြတ်မျှ မထွက်အောင် .....
ဟိုလိုလို ဒီလိုလို လုပ်ခဲ့သော NLD ပါတီသာ လျှင် ဖြစ်နေပါသည်.....

ဒေါ်စုနှင့် NLD ၏ ရည်မှန်းချက် ပြည့်ဝရန် ....
မည်သည့် ပါဝါကို မည်သို့ကစားသင့်သည် ဟူသော .....
အနိမ့်ဆုံး ရွေးချယ်မှုကိုပင် ....
မှန်ကန်အောင် မလုပ်နိုင်ခဲ့သည်ကို .....
ယခု နောက်ဆုံး ....
လေးပွင့်ဆိုင် တောင်းဆိုချက်က သက်သေပြနေပါသည်.....

ဤသို့ မှားယွင်းသော ပါဝါ နိုင်ငံရေးကို .....
ဒေါ်အောင်ဆန်းစုကြည် ရွေးချယ် ကစားလာခဲ့ စေရန် .....
ဝိုင်းဝန်း ပံ့ပိုး ကူညီ ပေးခဲ့ကြသော .....
NLDပါတီ ခေါင်းဆောင်များ .....
အကြံပေး များ ....
လွှတ်တော်တွင်းရှိ .....
ဦးဝင်းမြင့်(ပုသိမ်) ဦးဆောင်သော NLD အမတ်များ အားလုံးတွင် ......
တာဝန်ရှိသည် ဟုသာ လက်ညိုးတည့်တည့် ထိုးလိုပါသည် ......
နိုင်ငံရေး ဆုံးရှုံးမှုနှင့် .....
နိုင်ငံရေး ကစားကွက် အမှား အတွက် ....
ဒီထက်မက ထိုးသင့်သည်ဟုသာ ထင်မြင်မိပါတော့သည် ....။ ။

[ The Messenger ဂျာနယ် .....
အတွဲ(၄) အမှတ်(၂၈) မှ .....
အဓိက ကျသော အချက်များကို ....
ကောက်နူတ် ကူးယူဖော်ပြသည် ]
3Like · ·

No comments:

Post a Comment