Friday, January 3, 2014

ကိုယ်တို့  မြန်မာတွေက အရမ်းရောတတ်လွန်းလို့  ဒီ Post လေးကို ရေးလိုက်ရပါတယ် သူငယ်ချင်းတို့ ရေ......



မင်းတုန်းမင်းလက်ထက် က ညီတော် ကနောင်ကိုယ်တော်ကြီး ကအမျှော်အမြင်ရှိတဲ့ မင်းသားတပါး ဖြစ်တယ်.. နိုင်ငံခြားကို ပညာတော်သင်တွေသွားတယ်.. လေ့လာတယ်...အဲဒီမှာ သူစဉ်းစားမိတာက ....တိုင်းတပါးတွေ မြန်မာနိုင်ငံကို ၀င်လာရင် ပထ၀ီအနေအထား အားနည်းချက်အရ ရေလမ်းကပဲ ၀င်လာနိုင်တဲ့ လမ်းကြောင်းကို သူကြိုတင်တွေးဆမိတယ်..အဲတာနဲ့  ရေမြှုပ်ဗုံးကို သူစပြီး တီထွင်တယ်..။ တီထွင်ပြီးတာနဲ့  သင်္ဂဇာချောင်းမှာ ရေမြှုပ်ဗုံးကို စမ်းသပ်တာ အောင်မြင်ခဲ့တယ်..။ ဒါကို သင်္ဂဇာ ဆရာတော်ကြီးက ဒါဟာ ရေသတ္တ၀ါတွေ သေကျေပျက်စီးရပါတယ်လို့  မင်းတုန်းမင်းကြီးကို တင်လျှောက်တယ်..ဆက်ပြီး မလုပ်ဖို့ ..မေတ္တာရပ်ခံတယ်..အဲဒီမှာ မင်းတုန်းမင်းကလဲ ဆရာတော်ကြီးကို မလွန်ဆန်ပဲ ကနောင်မင်းသား အား တားမြစ်ခဲ့တယ်..။

အဲဒီအချိန်ကသာ ရေမြှုပ်ဗုံးတွေ တီထွင်အောင်မြင်နေတာကို ဆက်ပြီး ကြိုးစားခွင့်ရမယ် ဆိုရင် သီပေါလက်ထက် အင်္ဂလိပ်တွေ ရေလမ်းက ၀င်လာဖို့  မခုခံ နိုင်စရာအကြောင်း မရှိတာ အသေအချာပါ..။အရင် မင်းတုန်းမင်းလက်ထက်မှာ သာ ဘာသာရေးနဲ့  နိုင်ငံတော် ကာကွယ်ရေး မရောထွေးခဲ့ဘူးဆိုရင်..အင်္ဂလိပ်ကျွန်ဖြစ်စရာ အကြောင်းမရှိပါဘူး...။ သမိုင်းမှာ အမှားတွေ မှားခဲ့ပါပြီ... ။ပြင်ကြပါ..။ မရောကြပါနဲ့ ..။

လက်ရှိ အခြေအနေတစ်ခုကို ပြန်ကြည့်မယ် ဆိုရင်...
အမေစု နိုင်ငံခြားသားနဲ့  လက်ထပ်တာ အပစ်မပြောပါဘူး... ဒါဟာ သူ့ ရဲ့ လွတ်လပ်ခွင့်ပါ..။ ..
အမေစု သားသမီးတွေ နိုင်ငံခြားသား ခံယူတာ အပစ်မပြောပါဘူး..ဒါလဲ သူမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပါတယ်..။ဒါဟာသူ့ လွတ်လပ်ခွင့်ပါ..။

အခု အမေစု သမ္မတ ဖြစ်ဖို့  ၅၉(စ) နဲ့  လာငြိနေပါတယ်..အဲတော့ အမေစု နိုင်ငံခြားသားနဲ့  အိမ်ထောင်ပြုတာ၊ သားသမီးတွေ နိုင်ငံခြားမှာ နိုင်ငံသားခံယူတာဟာ...တကယ်တမ်းပြန်စဉ်းစားပါ ဒါဟာ သူတို့ ရဲ့  မိသားစု ရဲ့  ပုဂိလက အရေးပါ..ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မဟုတ်ပါဘူး...။မြင်အောင် ရှင်းအောင်ကြည့်တတ်ဖို့ ပါ..။ မူ နဲ့  မညီရင် ညီအောင် ဘယ်သူလုပ်ရမှာလဲ...အိမ်သာတက်ချင်ရင် အိမ်သာဆီကို လူက သွားရမှာလား လူဆီကို အိမ်သာရောက်အောင် လုပ်ရမှာလား ဆိုတာလေးကိုတော့ စဥ်းစဉ်းစားစား လုပ်စေချင်ပါတယ်..။ရေသောက်ချင်ရင် ရေသောက်ချင်တဲ့သူဟာ သောက်ရေအိုးစင် ရှိရာကိုပဲ သွားကြရပါတယ်..။ကိုယ်တို့  မြန်မာတွေရဲ့  ပုဂိုလ်စွဲတွေက တကယ်တော့ တိုင်းပြည်တိုးတက်ပြောင်းလဲမှု့ ကို အဟန့် အတား ဖြစ်နေတာကို ကိုယ်တိုင်မသိကြတဲ့ အခါ ပြသနာ နဲ့  အကျဉ်းအကြပ်ကို ကိုယ်တိုင် လုပ်ယူနေသလို ဖြစ်လာရပါတယ်..။..။

နောက်တစ်ခု ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို နမူနာ သာဓက အဖြစ် ကြည့် ကြည့်ပါ..။ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦး ရာထူးကနေ နှုတ်ထွက် အနားယူတယ်..။ အဲဒီ နေရာမှာ အစားထိုးဖို့  ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အဆိုတင်သွင်းရာမှာ ဦးမြင့်ဆွေ ရဲ့ နောက်ကြောင်းရာဇ၀င်ကို ပြန်ကြည့်တော့ သားသမီးထဲက တစ်ဦးဟာ သြဇီ နိုင်ငံသားခံယူထားပြီး ဖြစ်နေတဲ့ အတွက် ဒုသမ္မတ ဖြစ်ခွင့် အရည်အချင်းနဲ့ မကိုက်ညီတာကြောင့် ဒုသမ္မတ ဖြစ်ခွင့်မရခဲ့ပါဘူး။ ..နောက်ထပ် အမည်တင်သွင်းထားသော ဦးဥာဏ်ထွန်းသာလျှင် မူအရ ချမှတ်ထားသော ဒုသမ္မတ ဖြစ်ခွင့် အရည်အချင်းနဲ့  ပြည့်စုံသူမို့ ဦးဥာဏ်ထွန်းသာလျှင် ဒုတိယ သမ္မတ ဖြစ်ခွင့်ရရှိခဲ့ပါတယ်.။

အဲတော့ ကိုယ့်လူတွေ အားလုံးသိရမှာက လူတစ်ယောက်ရဲ့  မိသားစု အရေး နဲ့  မြန်မာနိုင်ငံရဲ့  နိုင်ငံရေးကို ရောချဖို့ တော့ မသင့်တော်ဘူးထင်ပါတယ်..။ လူတစ်ယောက် အတွက်ဆိုတဲ့ ပုဂီုလ်အစွဲ နဲ့ လူပေါင်းသန်း ၆၀ ကို အလောင်းအစားလုပ်ဖို့  အရင်းအနှီး အရမ်းကြီးလွန်းတယ်လို့  မထင်ဘူးလား သူငယ်ချင်းတို့ ..။

အဲတော့ ဘာသာရေးနဲ့  နိုင်ငံတော် ကာကွယ်ရေးနဲ့  ရောချခဲ့လို့  သူ့ ကျွန်ဘ၀ရောက်ခဲ့ရပြီးပြီ...ဗိုလ်ချုပ်အောင်ဆန်းနဲ့  ရဲဘော်၃ ကြိမ် အပါအ၀င် ပြည်နယ် ပြည်မ တိုင်းရင်းသားတွေ အားလုံး အသက်သွေးချွေးတွေနဲ့  ရင်းပြီး လွတ်လပ်ရေးကို ပြန်လည် အရယူပေးခဲ့ပြီးပြီ..။အဲဒီတုန်းကတော့ ဘာသာ သာသနာ ကွယ်ဖို့  အခြေအနေ အဲလောက်မရှိခဲ့ဘူး..။

ယနေ့ လက်ရှိ အခြေအနေ လက်ရှိ အချိန်အခါမှာ ပုဂိုလ်စွဲကို အခြေခံတဲ့ မိသားစု ပုဂလိက အရေး နဲ့  နိုင်ငံရေး ထပ်ပြီး ရောကြအုံးမယ် ဆိုရင်တော့ ....

ဟင်း..ကိုယ်ရွှေ မြန်မာ တို့ ရေ................အသိတွေ နိုးထ ကြပါတော့ဗျာ....

No comments:

Post a Comment