Monday, January 13, 2014

'Inversionနှင့်ရေးသော.. ၀ါကျများ"

Myawady News

===================
(အပိုင်း(3)

(၇) There နဲ့ စသောဝါကျ
----------------------------
there is, there are, there exists, there comes, there go ,there livedတို့နဲ့ ၀ါကျကိုစထားရင် Inversion နဲ့ မဖြစ်မနေ ရေးရပါတယ်။

(1) There is a good restaurant nearby.
ဒီနားမှာ ကောင်းတဲ့စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်။
(2) There comes a time in her life when she realizes that she is wrong.
သူမဘ၀မှာ.. မှားတယ်ဆိုတာသိလိုက်ရတဲ့အချိန် ရောက်လာတယ်။
(3) Scientists hypothesize that there exists a certain type of particle that can travel faster than the speed of light.
အလင်းမြန်နှုန်းထက်ပိုသွားနိုင်တဲ့ အမှုန်တစ်မျိုးရှိတယ်လို့ သိပ္ပံပညာရှင်တွေ တွေးတောယူဆကြတယ်။
(4) There goes my money!
ငါ့ပိုက်ဆံတော့ သွားပါပြီ။
(5) There is an interesting article in today's paper.
ဒီနေ့ သတင်းစာမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတစ်ပုဒ် ပါလာတယ်။
(6) There are several books on the table.
စားပွဲပေါ်မှာ စာအုပ်အချို့ ရှိတယ်။
(7) There must be a reason for it.
အဲဒါ အကြောင်းရင်းတစ်ခုတော့ ရှိရမယ်။
(8) Oh, no! There goes my brother with my book-bag in his car!
ဟာ..ဒုက္ခပဲ။ငါ့စာအုပ်အိတ် အကို့ကားထဲ ပါသွားပြီ။
(9) Once upon a time, there lived an old man in a small house by the sea.
တစ်ရံရောအခါက ပင်လယ်အနီးက အိမ်လေးတစ်အိမ်မှာ အဖိုးကြီး တစ် ယောက် နေထိုင်ခဲ့သတဲ့။

(၈) Only နဲ့ စသောဝါကျ
---------------------------
Only after,Only if,Only later,Only by တွေနဲ့ စတဲ့ဝါကျတွေကို Inversion နဲ့ ရေးရပါတယ်။

(1) Only after he arrived at the airport did he look for his passport.
လေဆိပ်ရောက်မှ သူ ပတ်စ်ပို့ကို လိုက်ရှာရသည်။
(2) Only if you look through this dark glass will you be able to see the spots on the sun.
မှန်အနက်နှင့်ကြည့်မှသာ နေပေါ်မှ အပြောက်များကို တွေ့နိုင်ပါမည်။
(3) We accepted the invitation. Only later did we suspect it might be a trap.
ဖိတ်ကြားမှုကို ကျွန်ုပ်တို့ လက်ခံလိုက်၏။လက်ခံပြီး မကြာခင်မှာပင် ထောက်ချောက်ဖြစ်လေမလားဟု သံသယ၀င်ခဲ့ကြသည်။
(4) Only by yelling angrily was the teacher able to control the class.
ဒေါသတကြီး အော်ငေါက်လိုက်မှသာ ဆရာက အတန်းကို ထိန်းနိုင်ခဲ့သည်။

မှတ်ချက်။ ။အောက်ပါ Only ပုံစံမျိုးကိုတော့ Inversion နဲ့ မရေးရပါ။
Only Moe Moe knew the answer to the question.
မေးခွန်းရဲ့အဖြေကို မိုးမိုးပဲ သိတယ်။

(၉) နာမ၀ိသေသနဖြင့် စသောဝါကျ
--------------------------------------
နာမ၀ိသေသနနဲ့စတဲ့ ၀ါကျတွေကိုလည်း Inv နဲ့ရေးရတယ်။

(1) Beautiful beyond belief was my baby daughter.
အခုမွေးတဲ့ ကျွန်တော့်ကမီးလေးက လှတယ်ဗျာ။မယုံနိုင်စရာပဲ။
(2) Happy about their acceptance into their dream schools were Kyaw Kyaw and Mu Mu.
သူတို့ စိတ်ကူးယဉ်ခဲ့တဲ့ ကျောင်းတွေကို တက်ခွင့်ရလို့ ကျော်ကျော်နဲ့ မူမူတို့ ပျော်နေကြတယ်။
(3) Quick and painless will be your medical procedure.
ခင်ဗျားရဲ့ ဆေးကုသထုံးက မြန်ပြီး နာကျင်မှုလည်း မရှိဘူး။
(4) Gone are the days when he was young and full of energy.
သူ့ရဲ့သန်စွမ်းပြီး ငယ်ရွယ်ခဲ့တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ။
[* ဒီနေရာမှာတော့ past participle ကို နာမ၀ိသေသနလို သုံးထားပါ တယ်။]

ကဲဒီလောက်ဆို ...Inversionနဲ့ရေးတဲ့ နောက်ထပ်ဝါကျသုံးမျိုးသိသွားပြီပေါ့။ ကိုယ့်ပိုင် ၀ါကျလေးတွေ ရေးပြီး လေ့ကျင့်ကြပါ ..။

........................................ကိုကိုထွန်း(ပုသိမ်)

No comments:

Post a Comment