Tuesday, January 14, 2014

"ရေခွက်ကပြောတဲ့ သင်ခန်းစာ"



မောင်မြ တစ်ယောက်ရှူးရှူးရှဲရှဲနဲ့
စိတ်တွေဆိုးလာတာကို မောင်လှတွေ့တော့
"သူငယ်ချင်း ဘာတွေဒေါသထွက်နေတာလဲ"မောင်မြက "ဟိုကောင် မောင်ဘကွာ ငါ့အကြောင်းတွေကို ကွယ်ရာမှာ
မဟုတ်တာတွေပြောပြီး နာမည်ပျက်အောင် လုပ်နေလို့
ဒေါသတွေထွက်နေတာ" အဲတာနဲ့ မောင်လှက
"သူငယ်ချင်း စိတ်မဆိုးပါနဲ့ ကိုယ်မဟုတ်ရင်ပြီးတာပဲလေ
ဒေါသထွက်ရင် ကိုယ်ပဲပူလောင်တာ မဟုတ်လား။ငါမင်းကို တစ်ခုပြမယ် ဒီမှာကြည့်" ဆိုပြီး
ရေခွက် နှစ်ခွက်ကိုယူလို့ တစ်ခွက်ကို ရေအပြည့် ဖြည့်လိုက်တယ်။
နောက်တစ်ခွက်ကို တစ်ဝက်လောက်ပဲ
ရေဖြည့်တယ်။
"ဒီမှာကြည့်စမ်း သူငယ်ချင်း"ဆိုပြီး
မောင်လှက ရေမပြည့်သေးတဲ့ခွက်အပေါ်
ရေထပ်ဖြည့်ပြတယ်။
ရေပြည့်သွားတယ်။
နောက် ရေပြည့်ပြီးသားခွက်ကို
ရေထပ်ဖြည့်တယ်။
ရေတွေကပြည့်ပြီးသား ဆိုတော့ထပ်ဖြည့်လို့မရဘဲ
ဘေးကို လျှံကြကုန်တာပေါ့။

မောင်မြက လိုက်ကြည့်ပြီး
နားမလည်လို့ မောင်လှကိုမေးတယ်။
"ဘာကိုဆိုလိုတာလဲ သူငယ်ချင်း"တဲ့။

မောင်မြက "ဒီမှာသူငယ်ချင်း
မင်းအပေါ်လူတွေက မကောင်းပြောမယ်
စိတ်ဆိုးအောင် လုပ်မယ်
ဒေါသထွက်အောင် လုပ်မယ်
အဲတာတွေကို မင်းရဲ့စိတ်က စောဏကပြခဲ့တဲ့ မပြည့်တဲ့ရေခွက်ထဲ ရေထည့်လို့ ဝင်သွားသလို လက်ခံယူလိုက်မယ်ဆိုရင် အဲဒီ့ ပူလောင်မှုတွေကို မင်းပဲခံစားနေရလိမ့်မယ်။
တကယ်လို့
ဘယ်လောက်ပဲ မင်းရဲ့စိတ်ထဲကို
ပူလောင်မှုတွေ ဒေါသထွက်မှုတွေ ကို တခြားလူက ထည့်နေပါစေ
မင်းကအဲတာတွေကို ဂရုမစိုက် လက်မခံဘူးဆိုရင်
ပြည့်ပြီးသားရေခွက်ထဲ ရေထပ်ထည့်သလိုပဲ
ထည့်လို့မရဘဲ လျှံကြကုန်ပါလိမ့်မယ်
ဘယ်လိုဒေါသထွက်စေမှုကိုမှ
မင်းရဲ့စိတ်က လက်မခံတဲ့အခါ
မင်းအတွက် အေးချမ်းနေမှာပါ"
လို့ ရှင်းပြလိုက်တော့တယ်။

သူငယ်ချင်းတို့လည်း
တခြားသူက မိမိစိတ်ထဲကို
ပူလောင်မှုတွေဖြစ်အောင်
လာထည့်တဲ့အခါ
ပြည့်ပြီးသားရေခွက်လို
ကျင့်ကြံလိုက်ပါလို့
အကြံပြုချင်ပါတယ်။

အားလုံးပဲအေးချမ်းကြပါစေ။
---စနေဖြိုး-

No comments:

Post a Comment