&&&&&&&&&&&&&&
ဆန်ကပိုးထိုး ပဲအကျိုးနှင့်
လောက်ကြငပိ ဆားမရှိတဲ့
ဒိတ်လွန် နို့ ဆီ ခဲခဲဆီနဲ့ 
အမိုးငှက်ပျောတော ခတ်သောသောနဲ့ 
ခုတ်လှဲ ရေပြုတ် ထမင်းတလုပ်ကို
ဓါးလှီးဝေငှ ခွဲတန်ချနှင့်
စားခဲ့ထမင်း စစ်ရေ့တင်းတော့
တိုက်ကြ ပစ်ချီ ပေါက်စီ၍
မိုးယံထစ်ချုံး တောင်လုံးမိုးသည်
စစ်မြေပြက်က ချစ်ရေစင်
ရေကြည်တခွက် အရှာခက်သည်
ကျွဲလူးအိုင်ခွက် ထမင်းချက်၍
ဆန်ပေါ်လူးတက် ရွှံ့ နွမ်းခက်သည်
စားတော့ထမင်း မသေဟင်းနဲ့ 
သက်စွန့် စံစား ဘ၀များမှာ
ခြေစွန့် လက်ပြုတ် ခန္တာချုပ်တဲ့
စစ်သား ဘ၀ ပြန်ကာပြရင်
ခြေကျိုး လက်ခါ မျက်စေ့ အပျက်
ဘ၀ပျက်ဖြင့် ရွာပြန်အလာ
ကိုယ်ခန္တာက အမေမွေးတဲ့
ရုပ်မဟုတ်တော့ပါ စစ်မြေ စစ်သား
မဆန်းငြားလည်း အိမ်ပြစ် အိုးကွာ
စွန့် ခဲ့ပါလည်း သေရင်မြေကြီး
ရှင်ရင်ရွှေထီး ဆိုတဲ့စကား
ရွှေထီးမလို မစံလိုဘဲ
ပြည်သူပြုံးပြ ပြည်သူ့ ဘ၀သာ
ဖြစ်ပါရစေ တောင်းဆုချွေကြောင်း
ဆုမွန်တောင်းသည် စစ်မြေပြင်မှ
အချစ်ရေစင်
( ငါလိုယောင်္ကျားပြဿဒါးမရှိ )
No comments:
Post a Comment