Tuesday, January 14, 2014

“ပြည်သူ့စပွန်ဆာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေသော ပြည်သူ့ဘုန်းဘုန်းတို့၏ ထောက်ပံ့ငွေများနှင့်

 သြဝါဒကထာ”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
၆။ ဥသျစ်ကုန်း ရှင်နေမင်း
ပေးကမ်းစွန့်ကြဲခြင်းဖြင့် လက်ကို အလှဆင်ပါ။
တရားဓမ္မနာကြားခြင်းဖြင့် နားကို အလှဆင်ပါ။
ယဉ်ကျေးချိုသာ မှန်ကန်စွာ ပြောဆိုခြင်းဖြင့် နှုတ်ကို အလှဆင်ပါ။
ဘဝခရီး ဖြောင့်ဖြူးသာယာဖို့အတွက် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ပါ။
နိဗ္ဗာန်ချမ်းသာရဖို့အတွက် ထာဝရ ဒုက္ခကို မြင်အောင်ကြည့်ကြစမ်းပါ။
၇။ ရွှေဆံနွယ်ဆရာတော် ဓမ္မဓရ အရှင်ဝါယမာနန္ဒ
တန်ခိုးကြီးမားသော အမျိုးဘာသာ သာသနာ၏ အမျိုးသမီးများအတွက် အကျိုးစီးပွားဖြစ်သော ဆောင်ရွက်ချက်များကို ဥပေက္ခာ မပြုသင့်ပါ။
၈။ သရဖူဆရာတော် အရှင်တေဇနိယ
ရတနာသုံးပါး၏ အရိပ်အာဝါသအောက်မှာ ခိုလှုံခွင့် ရနေကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကို မောင်နှမများရဲ့ ဘာသာရေး လူမှုရေး ကျန်းမာရေး ပညာရေး စီးပွားရေး စတဲ့ အခက်အခဲ အကြပ်အတည်း ဒုက္ခမှန်သမျှတွေကို စုပေါင်းစည်းလုံး၍ စွမ်းနိုင်သလောက် ထောက်ပံ့ခြင်းဖြင့် ဒို့အမျိုး ဒို့ဘာသာ ဒို့သာသနာကို ထိမ်းသိန်းစောင့်ရှောက်ကြစို့။
၉။ လမင်းလေးဆရာတော် အရှင်ယသ (ဓမ္မာစရိယ) M.A ဗာရဏသီ အိန္ဒယ
ဒါ တို့ပြည် တို့မြေ တို့နိုင်ငံ ဒို့ယဉ်ကျေးမှု ဒို့ဘာသာ ဒို့သာသနာကို မစော်ကားပါနဲ့။
ပြည်ထောင်စုမှာ တိုင်းရင်းသားများ အပါအဝင် မြန်မာတို့ရဲ့သွေး ရဲရဲနီတယ်ဟေ့။
၁၀။ “သစ္စဝေဒဂူဆရာတော်၏ သြဝါဒ”
သစ္စာတရားကို နှစ်ပေါင်းထောင်ချီ သယ်ဆောင်လာတဲ့ မြန်မာလူမျိုးဟာ အလွန်ကျေးဇူးကြီးမားတယ်။
ဒါကြောင့် အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးကို ဖြစ်နိုင်တဲ့နည်းနဲ့ ဆောင်ရွက်သင့်ကြပါတယ်။
၁။ ရွှေဆံနွယ်ဆရာတော် အရှင်ဝါယမာနန္ဒ သိန်း(၅၀) ကျပ်။
(5 photos)
Like · ·

No comments:

Post a Comment