Friday, January 3, 2014

ပြန်တွေးမိတိုင်း မျက်ရည်ကျရပါတယ် ..

. စင်ကာပူဝန်ကြီးချုပ်ကို ထိုင်စောင့်ခဲ့ရတုန်း ကများဆိုရင်လေ ... သူသာ ငါ့အဖေဖြစ်လို့ကတော့ ငါတစ်ဦးတည်း ရဲ့ အဖေဖြစ်လို့ကတော့ကွာ ချက်ချင်းကို လက်ဆွဲပြီး ပြန်ခေါ်လာမှာ "အဖေရယ် ပြန်လာခဲ့ပါ ... အဲ့လောက်ကြီး သမီးတို့အတွက် နဲ့ အောက်ကျနောက်ကျခံ မနေပါနဲ့တော့ ...

သမီးတို့လေ ဆားနဲ့ပဲ စားနေရလည်း ကျေနပ်ပါတယ် အဖေရယ် ပြန်လာခဲ့ပါတော့"ဆိုပြီး ငါ့အဖေကို ငါပြန်ခေါ်လာမှာ ... ခုတော့ သူက မြန်မာပြည်ရဲ့ သမ္မတဖြစ်နေတယ် ... Responsibility အပြည့်ရှိတဲ့
Mr. President ဖြစ်နေတယ် ... အားလုံးကောင်းစားဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံဖို့ အသင့်ဖြစ်နေတဲ့သူ Leader တစ်ဦးဖြစ်နေတယ် ...

အဲ့ဒါနဲ့ပဲ ရင်နာနာနဲ့ ကြည့်နေရတော့တာပါပဲ ... အတော်ကြီး ကို ကျေးဇူး တင်ပါတယ် Mr. President ရယ် ... အရမ်းလည်း လေးစားပါတယ် ...

Thanks for everything, Mr. President ... I can feel your great kindness ... ...

သမ္မတကြီး ကျန်းမာပါစေ ချမ်းသာပါစေ ဘုန်းကြီးပါစေ သက်ရှည်ပါစေ ...

မြန်မာပြည်ကြီးလည်း အမြန်ဆုံး တိုးတက်ကြီးပွား စည်ပင်သာယာ ဝပြောပါစေ ... ထိပ်တန်းနိုင်ငံကြီးအဖြစ် ဂုဏ်ယူဝင့်ကြွားရပ်တည်နိုင်ပါစေ ...

Ei Kay Khaing
Like · ·

No comments:

Post a Comment