Sunday, January 5, 2014

“သရဏံဂုံ တည်ခြင်းအကျိုး”


အပိုင် (၂)


ဒါတင်မကသေးဘူး
ပဗ္ဗဇ္ဇဒါယကော ဗုဒ္ဓ၀စနဒါယကော
ကမ္မ၀ါစာစရိယော သကဒါဂါမိမဂ္ဂသမ္ပာ
ပကော အနာဂါမိမဂ္ဂသမ္ပာပကောတိ
ဣမေ အာစရိယာ န အာဂတာ။
ဟူသောပညာရှင်သူတော်စင်တို့ရဲ့ မိန့်ဆိုချက်အရ
၁။ ရှင်သာမဏေ စ၍ပြုပေးတဲ့ဆရာ
၂။ ဘုရားရှင်ရဲ့တရားတော်ကို ဟောပြောပြသတဲ့ဆရာ
၃။ ရဟန်းခံရာ၌ ကမ္မ၀ါဖတ်တဲ့ဆရာ
၎။ သကဒါဂါမိမဂ်ရအောင် အားထုတ်စေတဲ့ ဆရာ
စတဲ့ဆ၇ာ
၅။ အနှာဂါမိမဂ်ရအောင် အားထုတ်စေတဲ့ဆရာ
အဲဒီဆရာ ငါးမျိုးဟာလည်း အင်မတန် ဂုဏ်ကျေးဇူးများတဲ့အတွက် အနန္တကျေးဇူးရှင် ဂိုဏ်းဝင်ဆရာတွေလို့ပဲ မှတ်ယူအပ်တယ်။
ဒါကတော့ စကားအလျဉ်းသင့်လို့ ထည့်သွင်းဟောလိုက်ခြင်းဖြစ်တယ်။

သရဏဂုံအကြောင်းပြန်ဆက်ရရင်
သရဏဂုံဟာ အထက်ကပြဆိုခဲ့တဲ့အတိုင်း ဆိုးသွမ်းတဲ့သူတွေအတွက်တောင်မှပဲ အထားအားကိုးစရာ အထူးမှီခိုစရာ ဖြစ်တယ်။ မကောင်းကျိုးကို တားဆီးပြီး ကောင်းကျိုးကို ပေးတယ်။
ဒါကြောင့်သရဏဂုံကို ကလေးသူငယ်ကအစ လူတိုင်းလူတိုင်း ခံယူဆောက်တည်သင့်တယ်။
သရဏဂုံကို မိမိကိုယ်တိုင်က ယုံယုံကြည်ကြည်မခံယူမဆောက်တည်ရင် ဘယ်ပုဂ္ဂိုလ်ကပဲပေးပေး သရဏဂုံကို မရနိုင်ဘူး။
ယုံယုံကြည်ကြည် ခံယူဆောက်တည်နိုင်မှသာ ရနိုင်တယ်။ စေတီ ပုထိုး ဘုရား ဆင်းတုစသည်မှာပဲ ဖြစ်ဖြစ် မိမိအ
လျောက်သာပဲ ဖြစ်ဖြစ် ယုံယုံကြည်ကြည် ခံယူဆောက်တည်လျှင် သရဏဂုံကို ရနိုင်တာချည်းပဲ။ သရဏဂုံ ကို တစ်ကြိမ်တစ်ခါခံယူဆောက်တည်လိုက်တယ်ဆိုမှဖြင့် တစ်သက်လုံးသရဏဂုံဆောက်တည်တယ်။ ရတနာသုံးပါးကို အထွတ်အမြတ်ဆုံးဟုယုံကြည်၍ သိ၍ ငါ့ရဲ့ကိုးကွယ်ရာပဲဟု စိတ်၌ဖြစ်ပေါ်နေသမျှ ထိုသူမှာ သရဏဂုံ တည်နေတော့တာပဲ။ ထိုစိတ်ကို မစွန့်လွတ်သမျှ ကာလပတ်လုံး ဗုဒ္ဓဘာသာဝင်အဖြစ်ကို စွန့်၍ အခြားဘာသာထဲသို့ မ၀င်သမျှကာလပတ်လုံး သရဏဂုံမပျက်ပဲဆက်လက်တည်နေတယ်။ ကာလရှည်ရှည် သရဏဂုံ တည်လေလေ အ ကျိုးများလေလေပဲ။ ဒါကြောင့်
ဤအကျိုးများလှတဲ့ သရဏဂုံကို တစ်သက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန် တိုက်တွန်းလိုတယ်။

တစ်သက်ပန်ဆောက်တည်ရန် သရဏဂုံ

၁။ အဇ္ဇအာဒိကတွာ အဟံ အတ္တာနံဗုဒ္ဓဿနိယျာဒေမိ။
၂။ အဇ္ဇအာဒိကတွာ အဟံ အတ္တာနံဓမ္မ္ဓဿနိယျာဒေမိ။
၃။ အဇ္ဇအာဒိကတွာ အဟံ အတ္တာနံသံဃဿနိယျာဒေမိ။

၎။ ဇီဝိတပရိယန္တိကံ ဗုဒ္ဓံ သရဏံဂ စ္ဆာမိ။

၅။ ဇီဝိတပရိယန္တိကံ ဓမ္မံ သရဏံဂ စ္ဆာမိ။
၆။ ဇီဝိတပရိယန္တိကံ သံဃံ သရဏံဂ စ္ဆာမိ။
(ဒီဃနိကာယ်၊ ဋ္ဌ၊ ၂၊ နှာ ၊ ၂၀၆)

(အထက်ပါအတိုင်း ဒုတိယမ္ပိ၊ တတိယမ္ပိ သုံးကြိမ် ဆောက်တည်ပါ။)

အနက်အဓိပ္ပါယ်
၁။ အဇ္ဇအာဒိ ကတွာ ယနေ့ကို အစပြု၍ အဟံ အကျွနုပ်သည်။ အတ္တာနံ မိမိကိုယ်ကို ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ နိယျာဒေမိ အပ်နှင်းလှူဒါန်းပါ၏။
၂။ အဇ္ဇအာဒိ ကတွာ ယနေ့ကို အစပြု၍ အဟံ အကျွနုပ်သည်။ အတ္တာနံ မိမိကိုယ်ကို ဓမ္မ္ဓဿ၊ တရားတော်မြတ်အား၊ နိယျာဒေမိ အပ်နှင်းလှူဒါန်းပါ၏။
၃။ အဇ္ဇအာဒိ ကတွာ ယနေ့ကို အစပြု၍ အဟံ အကျွနုပ်သည်။ အတ္တာနံ မိမိကိုယ်ကို သံဃဿ၊ သံဃာတော်မြတ်အား၊ နိယျာဒေမိ အပ်နှင်းလှူဒါန်းပါ၏။
၎။ ဇီဝိတပရိယန္တိကံ အသက်ဆုံးသည်တိုင်အောင် ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏။
၅။ ဇီဝိတပရိယန္တိကံ အသက်ဆုံးသည်တိုင်အောင် ဓမ္မံ တရားတော်မြတ်ကို သရဏ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏။
၎။ ဇီဝိတပရိယန္တိကံ အသက်ဆုံးသည်တိုင်အောင် သံဃံ သံဃာတော်မြတ်ကို သရဏ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏။
Like · · ·

No comments:

Post a Comment