Friday, January 17, 2014

အကြမ်းဖက်မှုဟာ တဖြည်းဖြည်းနဲ့ အတင့်ရဲလာ


*************************************
ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ အကြမ်းဖက်မှုဟာ တဖြည်းဖြည်းနဲ့ အတင့်ရဲလာတာမှာ လက်နက်ကိုင်ဆောင်ထားတဲ့၊ တရားဥပဒေ ဖော်ဆောင်တဲ့ ရဲကိုပါ အကြမ်းဖက် သတ်ဖြတ်တာတွေ လုပ်လာတာ တွေ့ရတယ်...... ဒီလို သွေးတိုးစမ်းလာခြင်းရဲ့ နောက်ကွယ်မှာ နက်ရှိုင်းတဲ့ အကြံအစည်ကတော့ ရှိနေမှာပဲ.......

လက်နက်ကိုင်ဆို မော်တောင် မကြည့်ဝံ့ဘူးလို့ အသားကုန်အော်ခဲ့တဲ့ ဘင်္ဂါလီ လော်ဘီတွေကလည်း ဒီဖြစ်ရပ်တွေဟာ ဖြစ်နေကြပဲ၊ ထပ်လည်းဖြစ်မှာပဲလို့ နှပ်ကြောင်းပေး ခြိမ်းခြောက်တာတွေ လုပ်လာတာကိုလည်း တွေ့ရတယ်....... ကင်းလှည့်တဲ့ ရဲတပ်သားတွေကို အသက်အန္တရာယ် ထိခိုက်လာချိန်မှာ ပစ်မိန့် ခွင့်မပြုတာကလည်း စဉ်းစားစရာတစ်ခုလို ဖြစ်နေတယ်........

နောက်ဆုံးဖြစ်တဲ့ကိစ္စမှာ လက်နက်အပြည့်အစုံနဲ့ သူ့ဟာသူ ခြံစည်းရိုး လုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ ရဲအဖွဲ့ကို ဝိုင်းပြီးရန်ပြု၊ ရဲတပ်ကြပ်ကို အစဖျောက်တဲ့အထိ လုပ်သွားတဲ့ လုပ်ရပ်ဟာ သွေးတိုးစမ်းခြင်း လက္ခဏာတွေပဲ...... အစိုးရအနေနဲ့လည်း အဲ့ဒိဒေသမှာရှိတဲ့ သက်ဆိုင်ရာ အကြီးအကဲတွေရဲ့ လာဘ်စားမှု အခြေအနေတွေကို စဉ်ဆက်မပြတ် အကဲခတ်ပီး ပြတ်ပြတ်သားသား အရေးယူဖို့လိုမယ်......

အခုဆိုရင် ရဲတပ်ကြပ်ကြီးရဲ့ လက်နက်ကိုပါ ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ရရှိသွားတဲ့နောက်မှာ ဒေသခံ ရခိုင်တွေရဲ့ လုံခြုံရေးဟာ ပိုပြီး စိုးရိမ်စရာပဲ...... သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေကိုတော့ တရုတ်နိုင်ငံ စင်ကြန်း ဒေသက ရဲတွေလို ထိရောက်တဲ့ လုပ်ပိုင်ခွင့်၊ ပစ်ပိုင်ခွင့်တွေ ပေးထားဖို့ လိုမယ်လို့ပဲ မြင်ပါတယ်.
Like · ·

No comments:

Post a Comment