Thursday, January 2, 2014

" ရှေးဟောင်းပုဂံနယ်မြေအား အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းဖွဲ့၍ စောင့်ရှောက်ရန်စီစဉ် "



ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေကိုအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုဖွဲ့၍ ထိန်းသိမ်းစောင့်ရှောက်မှု ကို ပြုလုပ်မည်ဟု ပုဂံမြို့ဒေသခံ ဦး အောင်ကြိုင်က ပြောသည်။ အငြိမ်းစားအင်ဂျင်နီယာများ ပါ ဝင်သော အရပ်ဘက်ဆိုင်ရာ ဝါသနာ ရှင်အယောက် ၅ဝ ကျော်စတင်စုစည်း ပြီးဖြစ်၍ အစိုးရအဖွဲ့ထံသို့လာမည့်လ တွင် ခွင့်ပြုမိန့်တောင်းခံမည်ဟု ၎င်းက ဆိုသည်။

ပုဂံရှေးဟောင်းထိန်းသိမ်း စောင့် ရှောက်ရေးအဖွဲ့ဟု ကနဦးအမည်ပေး ထားပြီး အဖွဲ့ရုံးကို ပုဂံတွင်ပင်ထားရှိမည် ဟု ဦးအောင်ကြိုင်ထံမှသိရသည်။
''ရှေးဟောင်းဌာနရှိပါတယ်။ ဒီ တစ်ခုတည်းနဲ့ဘယ်ရမှာလဲ။ ဝိုင်းကူတဲ့ သဘောပါ''ဟု ၎င်းကဆိုသည်။ ဦးအောင်ကြိုင်မှာ ပြည် သူ့လွှတ် တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည် သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မ တီ၏ အတွင်းရေးမှူးတာဝန်ယူထားသူ ဖြစ်ပြီး ပုဂံဒေသခံတစ်ယောက်ဖြစ်ကာ လက်ရှိပုဂံရှေးဟောင်းနယ်မြေ အခြေ
အနေကိုသိရှိသည့်အတွက် ဝိုင်းကူခြင်း လည်းဖြစ်သည်ဟု အဖွဲ့တွင် စေတနာ ဖြင့်ဝိုင်းကူမည့်သူတစ်ဦးက Popular News သို့ပြောသည်။

ဦးအောင်ကြိုင်က ''ကျွန်တော်တို့ အဖွဲ့ဖွဲ့ပြီး အစိုးရကခွင့်ပြုတာနဲ့ လုပ် ငန်းစပြီး ဘုရားပေါ်မှာပေါက်နေတဲ့ အပင်တွေရှင်းမယ်။ နောက်ပြီး နံရံဆေး ပန်းချီတွေ ဒါတွေကိုပါထိန်းသိမ်းပါ့ မယ်''ဟု ပြောသည်။ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ဝင်ရောက်ထိန်းသိမ်းပေးခြင်း သည် ပထမဦးဆုံးလည်းဖြစ်သည်ဟု ၎င်းကထပ်မံဆိုသည်။

P051
Like · ·

No comments:

Post a Comment