Monday, January 13, 2014

ရွှေလင်ဗန်း တန်ဖိုး နည်း အိမ်ရာ စီမံကိန်း ရှိ အိမ်ရာများ ကို ကျပ်သိန်း ၁၂၀ ထက်

မကျော်စေဘဲ မကြာမီ ရောင်းချ မည်

ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ရှိ အိမ်ရာများ ကို ကျပ်သိန်း ၁၂၀ ထက် မကျော် စေဘဲ ရောင်းချမည် ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ သိရ သည်။ “ရွှေလင်ဗန်း မှာ အိမ်ရာ တွေ ရောင်းဖို့ ကို ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ ဆွေးနွေး နေပါ ပြီ။ တန်ဖိုး ကို ကျပ်သိန်း ၁၂၀ ထက် မကျော် စေဘဲ ရောင်းချ မှာပါ။ ခုမှ စီစဉ် တုန်းပဲ” ဟု မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ သိရသည်။ ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်း သည် လှိုင်သာယာ မြို့နယ် ကျန်စစ်သား လမ်းမပေါ်၊ ရွှေလင်ဗန်း ချောင်း၏ မြောက်ဘက် တွင် တည်ရှိ ကြောင်း၊ စီမံကိန်း တစ်ခုလုံး ၏ အကျယ် အဝန်းမှာ ဧက ၂၀ ကျော် ရှိကြောင်း၊ သို့သော် လည်း အဆိုပါ ဧက ၂၀ ကျော် ကို အပိုင်းလေး ပိုင်းခွဲကာ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း ကဲ့သို့ တည်ဆောက် ခဲ့မှုမှာ အချို့မှာ ယခုလကုန် တွင် ပြီးစီး တော့မည် ဖြစ်ပြီး မကြာမီ ရောင်းချရန် စီစဉ် နေခြင်း ဖြစ်ကြောင်း သိရသည်။

“အခုကတော့ ပထမဆုံး အပိုင်း ထဲမှာ ၃၂ လုံး စဆောက် တာ။ ၃၂ လုံးမှာမှ ၁၀ လုံးက အရင်ပြီး မှာ။ ၁၀ လုံး ကို ဒီလကုန်ပြီး မှာ ပေါ့။ ခြောက်ခန်း တွဲ လေးထပ် တိုက်တွေ ဖြစ်ပါ တယ်။ တည်ဆောက်မှု ကို မြို့ရွာ နဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန က PAE စနစ် နဲ့ တည်ဆောက် တာ ဖြစ်ပါ တယ်” ဟု အဆိုပါ တာဝန် ရှိသူ က ပြောကြား သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှု များနှင့် အတူ ပွင့်လန်း လာသည့် ရန်ကုန်မြို့ ၏ စီးပွားရေး အခွင့်အလမ်း များ ကြောင့် နိုင်ငံ တကာ ရင်းနှီး မြှုပ်နှံမှုများ အများ အပြား ဝင်ရောက် လာခြင်း၊ လူမှု စီးပွားရေး နှင့် အလုပ် အကိုင် အခွင့်အလမ်း များ ကြောင့် နိုင်ငံ တစ်ဝှမ်းမှ လုပ်သား များ ရွှေ့ပြောင်း အခြေချ လာခြင်း တို့ကြောင့် ရန်ကုန် မြို့တော် ၏ လူဦးရေ သည် ယခင်က ထက် သိသိ သာသာ တိုးတက် လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီး ချုပ် ဦးမြင့်ဆွေ က ပြောကြား သည်။

“ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာ ရောင်းချ ဖို့ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ ညှိပြီးတော့ ဘယ်သူတွေ ကို ရောင်းချ ပေးမယ် ဆိုတာ က အစ စီစဉ် နေတုန်း ပါပဲ။ ဝန်ထမ်းတွေ ကို အဓိက ထားတာ လား။ အားလုံး အတွက်လား၊ အသေးစိတ် မသိရ သေး ပါဘူး” ဟု လည်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြား သည်။ အလား တူ ရန်ကုန် မြို့နေ ပြည်သူ များ နေရေး အဆင့်မြှင့် တင် နိုင်ရန် အတွက် အိမ်ရာ လိုအပ်ချက် နှင့် အိမ်ရာ ထုတ်လုပ်ရေး သည် အရေး တကြီး လိုအပ် နေသည့် လုပ်ငန်း ဖြစ်သည့် အားလျော် စွာ တန်ဖိုး နည်း အိမ်ရာ စီမံကိန်း များ ပေါ်ပေါက် လာစေရန် စီမံ ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီး ချုပ် ဦးမြင့်ဆွေ က ဆက်လက် ပြောကြား ခဲ့သည်။==

No comments:

Post a Comment