Thursday, January 16, 2014

မြတ်စွယ်တော်ဖွင့်လစ်အပူဇော်ခံပွဲကျင်းပပြုလုပ်



ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို. လေးမျက်နှာစေတီတော် ဗုဒ္ဓပူဇနိယ ပွဲ
တော်နှင့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လစ်အပူဇော်ခံပွဲကို ၁၃၇၅ ခုနှစ်ပြာသိုလပြည့်
နေ. 15.1.2014 (ဗုဒ္ဓဟူးနေ.) နေ.လည်(၁)နာရီတွင် စေတီတော်ရင်ပြင် မြတ်
စွယ်တိုက်တွင် ကျင်းပပြုလုပ်ခဲ.ပါသည်။
အခမ်းအနားကို ကြွရောက်လာကြသော သံဃာတော် အရှင်သူမြတ်များ နှင့်
ဧည်.ပရိတ်သတ်များမှ နမောတသ၁ (၃)ကြီမ်ဘုရားကန်တော.၍ ဖွင်လစ်ခဲ.
ပါသည်။ အခမ်းအနား အစီအစဉ်အရ ကြွရောက်လာသော ဧည်.ပရိတ်သတ်
များမှ မြို.နယ်သံဃနာယက ဆရာတော်ထံမှ (၅) ပါးသီလ ခံယူတော်မူကြပြီး
သြ၀ါဒ ခံယူတော်မူကြပါသည်။ဆက်လက်၍ မြို.နယ် သံဃနာယက ဆရာ
တော် နှင့် စေတီတော် ဂေါပက အဖွဲ. မှ စွယ်တော်မြတ်ကိန်းဝပ်ရာ မြတ်စွယ်
တော်ကို ခတ္တအပူဇော်မည်. မြတ်စွယ်တော်စေတီ ပေါ်သို. ပင့်ဆောင်ကြပါ
သည်။ ဆက်လက်၍ မြတ်စွယ်တော်ကို သံဃာတော်အရှင်သူမြတ်များ
ဌာနဆိုင်ရာအဖွဲ.အစည်းအသီးသီမှ ပုဂ္ဂိုလ်များ ၊ဂေါပက အဖွဲ.၀င်များသည်
လေးမျက်နှာစေတီတော်သို. လက်ယာရစ်(၃)ပတ် လှည်.၍ အပူဇော်ခံခဲ.ပါ
သည်။ထို.နောက်ပွဲတော်ရက်အ တွင်းအပူဇော်ခံမည်. ယာယီကြာကလပ်ပေါ်
သို. ပင့်ဆောင်ခဲ.ပါသည်။ အစီအစဉ်အရ ရတုဖြင့် သီဆိုပူဇော်ပါသည်။
မြတ်စွယ်တော် ဖွင့်လစ်အပူဇော်ခံပွဲသို. ပင့်ဖိတ်ထားသော သံဃာတော်အရှင်
သူမြတ်များ ၊ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ စေတီတော် ဂေါပက
အဖွဲ.၀င်များ ၊ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း အင်အား(၃၀၀) ခန်.ဖူး
မြော် ကြည်ညိုကြကြောင်းသတင်းရရှိပါသည်။
ပေါက်ခေါင်းသတင်း
(18 photos)
Like · ·

No comments:

Post a Comment