Friday, January 17, 2014

သံဃာစော်ကား ထင်တစ်ပါးနဲ့ မာန်တက်နေကြသောဒူးမနာသားများ ဖတ်ဖို့

fb မှ
- - - - - - - - - - - - -
အခါတစ်ပါး သာဝတ္ထိပြည့် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးဟာ ဘုရားရှင်ထံတော်ပါးချဉ်းကပ်ပြီး
'' အရှင်ဂေါတမဟာ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းပြီးသိတယ်လို့ ဝန်ခံပါသလားလို့ လျှောက်ထားတယ် '' ဘုရားရှင်က ဝန်ခံကြောင်းမိန့်တော်မူတော့ ကောသလမင်းကြီးက '' အရှင်ဂေါတမ-အရှင်ဂေါတမ ရဟန်းဖြစ်လာတာလည်း မကြာသေးဘူး၊ အသက်အရွယ်အားဖြင့်လည်း ကြီးမားကြတဲ့ ပုရဏကဿပ, မက္ခလိဂေါသာလ, နိဂဏ္ဌနာဋပုတ္တ, သဉ္စယ, ပကုဓကသစ္စာယန, အဇိတတို့သော်မှမေးမြန်းကြည့်တဲ့အခါ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းပြီးသိတယ်လို့ ဝန်မခံကြဘူး၊ အရှင်က ဘာကြောင့် ဝန်ခံသလဲ '' လို့မေးတယ်၊ သည်အခါ ဘုရားရှင်က မင်းကြီး ငယ်တယ်ရယ်လို့ မထီမဲ့မြင်မပြုအပ်တဲ့တရား လေးပါးရှိတယ်၊ လေးပါးဆိုတာက -

(၁) မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊

(၂) မြွေကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊

(၃) မီးကို သေးငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊

(၄) ရဟန်းကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး။


မင်းကြီး - မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင်ပြုမိလျှင် မင်းသား မင်းဖြစ်တဲ့အခါ ကြီးစွာသောရာဇဒဏ်ကို ခံရတက်တယ်

မြွေကို ငယ်တယ်လို့ မထီမဲ့မြင်ပြုခဲ့လျှင် မြွေကိုက်ခံရတက်တယ်...

မီးကိုသေးငယ်တယ်လို့ မထီမဲ့မြင် ပြုခဲ့လျှင် မီးလောင်ခံရတက်တယ်၊

ရဟန်းကိုလည်း ထို့အတူပဲ မထီမဲ့မြင်ပြုခဲ့လျှင် ရဟန်း မီး အလောင်ခံရတက်တယ်၊

မင်းကြီး - ရဟန်း မီး အလောင်ခံရလျှင် ပကတိသောမီး အလောင်ခံရသည်ထက် ပိုပြီးနာတယ်၊ ပကတိသောမီးဟာ မြက် သစ်ပင်တွေကို ဘယ်လိုလောင်သော်လည်း မိုးကျလာလျှင် မီးအလောင်ခံရတဲ့ မြက်သစ်ပင်တွေဟာ တစ်ဖန် ပြန်လည်ပေါက်ရောက်နိုင်တယ်၊ ရဟန်း-မီး အလောင်ခံရလျှင် မထီမဲ့မြင် ပြုလုပ်သူကိုမျှသာမက ထိုသူနှင့် စပ်သော သား, သမီး, ကျွဲ, နွားများကစပြီး အညွန့်မပေါက်ကြဘူး၊ သားမဲ့, သမီးမဲ့, အခြံအရံမဲ့ဖြစ်ပြီး ထန်းပင်ငုတ်တိုကြီးလို တရိရိ ဆွေးသွားတယ်၊ ဒါကြောင့် ကြောင်းကျိုးမြင်သိ ပညာရှိမှန်လျှင် မင်းကိုဖြစ်စေ၊ မြွေကိုဖြစ်စေ၊ မီးကိုဖြစ်စေ၊ ရဟန်းကိုဖြစ်စေ မထီမဲ့မြင် မပြုသင့်ဘူး၊ ပြက်ရယ်မပြုသင့်ဘူး၊ ကောင်းစွာကျင့်သုံးသင့်တယ်လို့ ဟောတော်မူတယ်၊ သည်အခါမှာ ကောသလမင်းကြီးဟာ အမြင်မှန်ရပြီး ရတနာသုံးပါးကို ဆည်းကပ်တဲ့ ဥပါသကာ ဖြစ်သွားသတဲ့ကွယ်၊ ဒါက ရဟန်းတော်ကို ပြစ်မှားလျှင် အပြစ်ကြီးကြောင်း ဘုရားဟောပေါ့ ဒူးမနာသားလေးတို့ရယ် ...

ခုတော့ ဒူးမနာသားလေးတွေက ကြီးငယ်မရှောင် မထေမဲ့မြင်ပြုနေကြလေတော့ မင်းတို့အမေ ၀မ်းရေစပ်ရတာ ရင်ထုမနာဖြစ်နေရော့မယ် ဒူးမနာသားတို့ရယ် ...

ကိုးကား - အင်တာနက်
Like · · · 8 hours ago · Edited ·

  • 57 people like this.
  • သတိုး သီဟ အမှားအမှန်ကိုခွဲခြားနိုင်တဲ့ဥာဏ်ရဖို့  ဗုဒ္ဓ ဘာသာကိုကိုးကွယ်တာ .,
    ကုသိုလ် ရဖို့ ကျတော့ ရဟန်းတု မပြောနဲ့ ရဟန်းအမှတ်နဲ့ လူ က သင်္ကန်းစ ပတ်ထားရင် ထားရင်တောင်ရဟန်းလို့ ရည်မှန်းပြီး ကိုးကွယ်မယ် ပူဇော်မယ် လူတန်းမယ်ဆိုတောင် ကုသိုလ်ရတယ် နောင်တချိန် သာသနာ ဆုတ်ယုတ်လာတဲ့အခါ ဒီလို ရည်မှန်းပြီး ကိုးကွယ်ရတယ်
  • လူရှုပ်ကွ လူရှုတ် လှူုရှုတ်ကြီး သံဃာဂိုဏ်းသင့်မှာမကြောက်ကြဘူးထင်ပါ့
  • သားငယ် အထွေးလေး Lol ရဟန်းကျင့်ဝတ် ၅၅၇ ဘယ်သူကထပ်တိုးပေးထားတာလဲ ဖတ်ဖူးတဲ့ ဘုရးဥပဒေတော်ကြီးထဲမှာ ၂၂၇ သွယ်တဲ့ အခုတော့နောက်တိုးကသုံးရာကျော်ဖြစ်နေပါလား
  • Soe Moe ဪ ခွေးကို ပထွေးခေါ်မဝလို့ အဖေတော်ချင်နေတဲ့သုတွေကရဟန်းကျင့်ဝတ်ဘာသိမှာတုန်း..သု့ ပထွေးကဟိုကျမ်းပဲသင်ပေးထားတာနေမှာပေါ့
  • မင်းကြီး ဒွတ္တဘောင်

No comments:

Post a Comment