Friday, January 17, 2014

“ပြည်သူ့စပွန်ဆာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေသော ပြည်သူ့ဘုန်းဘုန်းတို့၏ ထောက်ပံ့ငွေများနှင့် သြဝါဒများ



  • ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
    ၁။ “အရှင်ဟိတာနန္ဒ ဓမ္မပိယဆရာတော်၏ သြဝါဒ”
    မြေမျို၍ လူမျိုးမပြုတ်
    လူမျိုမှ လူမျိုးပြုတ်သည် ဆိုသည့်အတိုင်း
    ခြင်္သေ့တို့မည်သည် ဘယ်လောက်ပင် ဆာလောင်မွတ်သိပ့်သော်လည်း
    မြက်ကိုစားရိုးထုံစံမရှိသလို
    အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြတဲ့ ရွှေမြန်မာများဟာလည်း
    စားဝတ်နေရေး ဘယ်လောက်ပင် ကြပ်တည်းလှပါသော်လည်း အမျိုးမတူ ဘာသာမတူ သာသနာမတူတဲ့
    အိမ်ထောင်ပြုမှုမျိုးကို
    ရှောင်ရှားကြပါ ရွှေမြန်မာတို့….။
    ဓမ္မပိယဆရာတော် အရှင်ဟိတာနန္ဒ အရှေ့ဆင်တဲတိုက်။
    ၂။ “သိကြားဂူရိပ်သာ ပဓာန နာယကဆရာတော် ဘဒ္ဒန္တဥတ္တမ၏ သြဝါဒကထာ”
    စောင့်လေမျိုးနွယ် ဝတ္တရားကို မျိုးဆက်သစ်လူငယ်များ ကျေပွန်စွာ ခိုင်မာစွာ ကျင့်သုံးလိုက်နာစေချင်ပါသည်။
    သိကြားဂူဆရာတော် ဘဒ္ဒန္တဥတ္တမ မန်းတော်ခြေ။
    ၃။ “လာရှိုးလေးဆရာတော် အရှင်ဝိဇ္ဇောဘာသာလင်္ကာရ၏ သြဝါဒ”
    နွားကွဲရင် ကျားဆွဲမည်ကိုဘဲ ရှေးပညာရှိများရဲ့ ပမာစကား အလေးထားလျှက်
    တို့မြန်မာတွေ အမြင်မတူ ကွဲပြားမှုတွေများနေရင်း ရင်နင့်သည်သာ ရတနာတွေကို အသွင်မတူသူတွေ ဆွဲကြလိမ့်မယ် သတိထား။
    သာသနာပြု ဓမ္မကထိက သာသနဓဇဓမ္မာစရိယ ပရဟိတဘုန်းတော်ကြီး သကျသီဟသာမဏေကျော် လာရှိုးလေးဆရာတော် အရှင်ဝိဇ္ဇောဘာသာလင်္ကာရ။
    ၄။ “ဦးတေဇာနန္ဒ (ဒယ်အိုးလေး) ဆရာတော်၏ သြဝါဒ”
    ကောင်းပါတယ် ကောင်းပါတယ်။
    အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်တာ အားလုံးကောင်းပါတယ်။
    အားလုံးကိုလည်း ထောက်ခံပါတယ်။
    အသင်းကြီးကချမှတ်ပေးသော တာဝန်များရှိရင်လည်း အသက်နှင့်လဲပြီး ဆောင်ရွက်ပါ့မယ်။ (9.1.2014)။
    ၅။ “ဓမ္မဓရ အရှင်ဝိစိတ္တသာရ ၏ သြဝါဒ”
    ဆန္ဒပြင်းပြမှုလိုအပ်၊ အောင်မြင်သူတစ်ဦးနှင့် အခြားသူတို့အကြား ခြားနားချက်မှာ အင်းအားချို့ယွင်းမှု မဟုတ်၊ ဗဟုသုတမဲ့ခြင်းလည်းမဟုတ်၊ ဆန္ဒပြင်းပြမှု မရှိခြင်းသာဖြစ်၏။
    ဒါကြောင့်မို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအားလုံး အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုသောဆန္ဒ ပြင်းပြစေချင်ပါသည်။ (9.1.2014)။
    ၆။ “ခန့်ဝင်းတောရ မြစင်္ကြာဆရာတော် ဦးလက္ခဏ၏ သြဝါဒ”
    သာသနာတော်မှာ လူတွေကို ထိန်းနိုင်တာ၊ နတ်တွေကိုထိန်းနိုင်တာ ရှင်မောဂ္ဂလာန်အုပ်စုပဲ။
    မောဂ္ဂလာန်အုပ်စုသာ မရှိခဲ့ရင် သံဃာတွေ ဖိနပ်အောက်ရောက်သွားမယ်။
    အရှင်ဘုရားတို့အားလုံးကို မောဂ္ဂလာန်အုပ်စုလို ကြည်ညိုနေမိတယ်။
    ငါ့ရှင်တို့ရေ………
    ငါလုပ်ချင်တာ ဖြစ်ချင်တာတွေအားလုံး ငါ့ရှင်တို့ လုပ်နေကြတော့ ငါ့ရှင်တို့ကို ချစ်လိုက်တာ၊ ကြည်ညိုလိုက်တာ ကွာ။
    ဝိပ္ပတ္တိခေတ်မှာ အသွင်တူချင်း ရန်မူတတ်တယ်။ ဂရုစိုက်ပါ။
    ငါ့ရှင်တို့……
    လူမိစ္ဆာ နတ်မိစ္ဆာ ဘုန်းကြီးမိစ္ဆာတို့ရန်မှ ကင်းဝေးကြပါစေ ငါ့ရှင်တို့ရေ…….။ (9.1.2014)
    ၇။ “ရွှေခြံဆရာတော် ဦးယာနိက”
    ခေတ်အဆက်ဆက် ကာလအဆက်ဆက်မှာ
    မြန်မာနှင့်သာသနာ
    သာသနာနှင့် မြန်မာ
    မကွဲမပြား တစ်သားတည်း ရှိခဲ့တယ်။
    အခုလည်း ရှိနေသလို
    နောင်လည်း ရှိနေရမယ်။
    ဒါ….မ.ဘ.သ ရဲ့တာဝန်ပဲ။ (9.1.2014)
    ၈။ ဘဒ္ဒန္တဇဝန
    (မေတ္တာရှင်၊ ရွှေပြည်သာ)
    သက်တော် (၄၉)နှစ်၊ သိက္ခာတော် (၂၉)ဝါ
    ဗဟုဇနဟိတဓရ ဓမ္မာစရိယ
    သုဒ္ဓဝိပဿနာရိပ်သာ၊ မှော်ဘီမြို့။
    သံယုတ်အဋ္ဌကထာ၊ ပဋိပဒါသုတ် အဖွင့်အရ - ငါ ကောင်းစားရေးကို အဓိကထားလျှင် ကုသိုလ်အလုပ်ပင် ဖြစ်သော်လည်း မိစ္ဆာပဋိပဒါ - မှားသောအကျင့်သာ ဖြစ်သည်။
    သူတစ်ပါး (လောက) ကောင်းစားရေးကို အဓိကထားလျှင် အကုသိုလ်အလုပ်ပင် ဖြစ်သော်လည်း သမ္မာပဋိပဒါ မှန်သောအကျင့်သာဖြစ်သည်။
    ဘုရားခန်းထဲတွင် ဘုရားတစ်ဆူရှိပြီးဖြစ်လျှက် ဘုရားဒကာအဖြစ် နာမည်ကြီးချင်သောစိတ်ကြောင့် နောက်တစ်ဆူထပ်လှူခြင်းမျိုးသည် ကုသိုလ်ပင်ဖြစ်သော်လည်း မှားသောအကျင့်သာဖြစ်သည်။
    မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို လာရောက်ဖျက်ဆီးသော ကာလိင်္ဂတပ်သားများကို ဘုရားအလောင်း ဦးဆောင်သော အဿကတိုင်းသားများက ပြန်လည်တိုက်ခိုက်သတ်ဖြတ်ခြင်းသည် အကုသိုလ်ပင်ဖြစ်သော် လည်း - လောကကောင်းစားရေးကို အဓိကထားသောကြောင့် သမ္မာပဋိပဒါ - မှန်သောအကျင့်သာ ဖြစ်သည်။
    (9.1.2014)
    ၉။ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
    အမျိုးသားရေးဝါဒီ
    လူမှုရေးမှာဟာမိုနီ(Harmony)
    အတွေးအခေါ်မှာ ဂလိုဘယ်လ်(Global)
    ယဉ်ကျေးမှုမှာ လိုကယ်လ်(Local)
    အမှန်တရားအတွက်
    ဓားတစ်လက်ဆောင်ထားသူ။
    ဓားဆိုတာလဲ တစ်ခြားမဟုတ်ပါဘူး၊ တရားဓမ္မပါပဲ။
    သွေးလည်းမခွဲဘူး။ သွေးလည်း မထိုးဘူး။ သွေးလည်းမဆာဘူး။ သွေးလည်း မတောင်းဘူး။ သွေးလည်း မသောက်ဘူး။ သွေးလည်း မစွန်းဘူး။ သွေးလည်း မဆူဘူး။ သွေးလည်း မပူဘူး။ သွေးလည်းမနည်းဘူး။ သွေးလည်းမကြဲဘူး။ သွေးလည်းမအေးဘူး။ သွေးလည်းမအေးဘူး။ အမြဲတစေ သွေးနွေးနေတဲ့သူ။အမြဲတစေ သွေးနွှေးနေတဲ့သူ။
    ၁။ လားရှိုးလေးဆရာတော် အရှင်ဝိဇ္ဖောဘာသ သိန်း(၅၀)ကျပ်
    ၂။ အရှင်ဇဝန-မေတ္တာရှင်(ရွှေပြည်သာ) သိန်း(၃၀)ကျပ်။
    ၃။ ရွှေခြံဆရာတော် အရှင်ယာနိက (၅)သိန်းကျပ်။
    ၄။ ဓမ္မပိယဆရာတော် အရှင်ဟိတာနန္ဒ (၃) သိန်းကျပ်။

No comments:

Post a Comment