Monday, January 13, 2014

မေတ္တာ ကမ္ဘာ မခြားလိုတယ်


&&&&&&&&&&&&&&&&&&

ကြွေသွားတဲ့ ပန်းလေးတပွင့်ခဲ့ရင်
အကြွေပန်းကို ကောက်ယူလို့ နမ်းပါရစေ

အမုန်းဆိုတဲ့ အသံ ကြာတဲ့တနေ့ 
ငါ့ ဒီဘ၀ စွန့် လွှတ်ပါရစေ

မင်းမှာမျက်ရည်ကျခဲ့ရင် ငါ
အဲ့ဒီမျက်ရည်နဲ့ ကျိမ်စာပြုပါရစေ

လမင်းကြီးက မင်းတယောက်ဘဲ
အမှောင်ဖုံးခဲ့ရင် မင်းဘဝ
သာယာဖို့  ငါ နှလုံးသားနဲ့ 
အလင်းပေးပါရစေ

ဒီလောကကြီးမှာ ကမ္ဘာ နှစ်ရှိခဲ့ရင်
မင်းရှိတဲ့ ကမ္ဘာမှာ ငါနေပါရစေ

ဒီကမ္ဘာကြီးက မင်းထွက်သွားရင်
မင်းမရှိတဲ့ ဒီကမ္ဘာ ငါစွန့် ခွါပါရစေ
3Like ·

No comments:

Post a Comment