Friday, December 20, 2013

ငါလိုယောင်္ကျား ပြဿဒါး မရှိ shared

ပြုပြင်သင့်သောအားကစားလောက

မြန်မာအမျိုးသားဘောလုံးအသင်းနှင့်
အမျိုးသမီးဘောလုံးအသင်း၊အခြား
အားကစားနည်းများအချို့တွင်ရှုံးနိမ့်
ရချင်းမှာ ပွဲကြီးကျပ်သူများ၏စည်းမျဉ်းများ
ပြောင်းလဲမှု့၊ဒိုင်များတာဝန်ပေးမှု့၊ဒိုင်များ
၏ဘက်လိုက်ဆုံးဖြတ်မှု့စသည့်ပယောဂ
များပါဝင်နေသည်ကို မျက်ဝါးထင်ထင်
တွေ့ရှိခံစားနေရပြီဖြစ်ပါသည်။

ဒိုင်များ၏ဘက်လိုက်မှု့ကိုမြန်မာနိုင်ငံ
သူ/နိုင်ငံသားများအနေနှင့်လည်းလက်
တွေ့ခံစားကြေကွဲခဲ့ရပါတယ်။ကစားသ
မားများအနေနှင့် ဆိုဖွယ်ရာမရှိအောင်ခံ
စားရမည်မှာအမှန်ပါ။ကစားသမားများ၏
ရင်ထဲတွင်တော့စိတ်အနာတစ်ခုဖြစ်သွား
ပါပြီ။ဒဏ်ရာတစ်ခုရသွားပါပြီ။ဒိုင်များ၏
ဘက်လိုက်မှု့ကြောင့်အားကစားလောက
မတိုးတက်ရခြင်းကိုဥပမာအနေနှင့်ပြည်
နယ်နှင့်တိုင်းအားကစားပြိုင်ပွဲများတွင်
လက်တွေ့ကြုံတွေ့နေရသောဖြစ်ရပ်
လေးဖြင့်ပြောပြပါရစေ။

၁။လိုသလိုရေးဆွဲသောစည်းကမ်းများ။

နှစ်စဉ်လိုလိုကြုံတွေ့နေရသောဒုက္ခတစ်ခု
ပါ။အားကစားသမားများအနေနှင့်မိမိယှဉ်
ပြိုင်ရာအားကစားနည်းတွင်အပြင်းအ
ထန်လေ့ကျင့်ခဲ့ပါသော်လည်းပြည်နယ်
တိုင်းများအားကြိုတင်အကြောင်းကြား
ထားချင်းမရှိပဲ ပြိုင်ပွဲဝင်စည်းကမ်းချက်
များ၊နည်းစနစ်များ၊အမှတ်ပေးချင်းများ၊
ဆုတံဆိပ်ပေးချင်းများအားပြိုင်ပွဲမစခင်
၁ရက်အလိုလောက်တွင်မှရုတ်တရက်
ပြောင်းလိုက်ခြင်းအားဖြင့်ယမန်နှစ်ပြိုင်ပွဲ
ဝင်စည်းကမ်းချက်များနှင့်လေ့ကျင့်လာ
သောပြည်နယ်နှင့်တိုင်းကိုယ်စားပြုက
စားသမားများအနေနှင့်ဘောင်မဝင်နိုင်
တော့ခြင်း၊အခက်ကြုံခြင်းများတွေ့ရပါ
သည်။

၂။ဒိုင်များ၏ဘက်လိုက်မှု့များ။

အားကစားပွဲအများစုအားယခုဆီးဂိမ်းမ
စခင် ၂နှစ်အလိုလောက်အထိ ရန်ကုန်
တွင်ယှဉ်ပြိုင်ရပါသည်။ယှဉ်ပြိုင်သည့်အ
ချိန်ရန်ကုန်တိုင်းနှင့်တွေ့သည့်အခါတွင်
ရန်ကုန်ဒိုင်များအများဆုံးထည့်၍ရန်ကုန်
တိုင်းအားအနိုင်ရရှိအောင်လုပ်တတ်ကြ
ပါသည်။ပြည်နယ်ကိုယ်စားပြုကစားသ
မားများကြားတွင်အခြားပြည်နယ်နှင့်တွေ့
လျှင် ဘယ်ပုံဘယ်နည်းနှင့်ကစားသင့်
သည်ဆိုတာအကြံပေးသောလည်းရန်
်ကုန်တိုင်းနှင့်တွေ့မည်ဆိုလျှင်အပင်ပန်း
မခံပဲလွတ်လွတ်လပ်လပ်နေရန်သာပြော
ပါသည်။"မိုးပျံအောင်တော်နေပါစေ
ရန်ကုန်နှင့်တွေ့လျှင် ကစားနည်းကိုသာ
နိုင်မည် ဒိုင်ကိုမနိုင်"ဟုပြောစမှတ်တွင်
လောက်အောင်ဖြစ်ရပါသည်။ကစားသ
မားများအနေနှင့်လည်းရန်ကုန်နှင့်တွေ့
လျှင်အရှုံးဟုသတ်မှတ်ပြီးကစားချင်စိတ်
ကုန်ခန်းသွားရပါသည်။(ရန်ကုန်သူ/သား
များအားစော်ကားချင်းမဟုတ်ပါ။တချို့ဒိုင်
များ၏ဘက်လိုက်မှု့ကိုသာရေးသားချင်း
ဖြစ်သည်။)

၃။နီးရာလူရွေးချယ်ခြင်း။

မည်မျှပင်တော်စေကာမှု နိုင်ငံကိုယ်စားပြု
ရွေးချယ်ရာတွင် ဆက်စပ်ရာသာရွေးချယ်
ကြပါတယ်။တစ်ကယ်တော်တဲ့သူကိုရွေး
ချယ်တာ တော်တော်ကိုရှားပါတယ်။နိုင်ငံ
ကိုယ်စားပြုရွေးချယ်ရာတွင် သူတို့ရွေး
ချယ်မည်ဟုသတ်မှတ်ထားပြီးသူနှင့်ပြည်
နယ်တိုင်းများမှခေါ်ယူထားသူများနှင့်ယှဉ်
ပြိုင်ခိုင်းပါသည်။ပြည်နယ်နှင့်တိုင်းများမှ
ခေါ်ယူထားသူမှအနိုင်ရရှိသွားလျှင်လည်းသူတို့လူမှာအခန့်မသင့်၍ခြေချော်လက်
ချော်ဖြစ်ပြီးရှုံးတာဟုသတ်မှတ်ကာ သူတို့
ကြိုတင်ရွေးချယ်ထားသူကိုသာရွေးပါ
သည်။ထိုအခါပြည်နယ်တိုင်းကစားသ
မားများအနေနှင့်အဖြည့်ခံသက်သက်သာ
ဖြစ်သည့်အတွက် နိုင်ငံကိုယ်စားပြုပြိုင်ပွဲ
ဝင်နိုင်ဖို့မှာအိမ်မက်မျှသာဖြစ်ခဲ့ရပါသည်။
ပမာဏာကစားသမားအဖြစ်ရွေးချယ်ခံရ
လျှင်တောင် သွားရောက်သူရှားပါတယ်။

အထက်လူကြီးများအနေနှင့်………
"မြန်မာ့အားကစား ကမ္ဘာင်္ံကိုလွှမ်းစေရ
မည်"ဟုဆိုသောဆောင်ပုဒ်နှင့်အညီ
ဘက်ပေါင်းစုံမှ ကြိုးစားကြပါသောလည်း အောက်ခြေရှိအချို့သော လူများ၏ဘက်
လိုက်မှု့၊ရွေးချယ်မှု့တို့ကြောင့် မြန်မာ့အား
ကစားသည် တိုးတက်သင့်သလောက်
မတိုးတက်။ငွေကုန်ခံရကျိုးမနပ်ဖြစ်နေပါ
သည်။ပို၍ဆိုးသည်က ပြည်နယ်နှင့်တိုင်း
များရှိကစားသမားများ၏တက်ကြွနေ
သောစိတ်ဓါတ်ကို အညွန့်ချိုးသတ်လိုက်
သလိုဖြစ်နေခြင်းပင်။

ထို့ကြောင့်………

ပြည်နယ်နှင့်တိုင်းပြိုင်ပွဲများ။ကျောင်းသား
အားကစားပြိုင်ပွဲများအားတရားမျှတမှု့ရှိ
ိစေရန်၊မှန်မှန်ကန်ကန်ဖြစ်စေရန်အတွက်
ဝိုင်းဝန်းကူညီပေးလျှင်ဖြင့်မြန်မာ့အားက
စားလောကသည် တိုးတက်လာမည်ဟု
မျှော်လင့်ရင်း………

ဤစာစုအတွက်အပြည့်အဝတာဝန်ယူပါ
သည်။

လင်းလုလင်
— with ကိုညီ သုတ and 8 others.
Like · ·

No comments:

Post a Comment