Tuesday, December 3, 2013

ဆီးချို သွေးချို ရောဂါ အကြို အဆင့် အကြောင်း သိသင့် သောအချက် များ (Prediabetes)


သွေးတွင်း သကြား ဓာတ်က ပုံမှန်ထက် ပိုများ နေတာကို ဆီးချို သွေးချို ရောဂါ အကြို အဆင့် (Prediabetes) လို့ ခေါ်ပါ တယ်။ ဒီအ ဆင့်ကို အမျိုး အစား (၂) ဆီးချို သွေးချို ရောဂါလို့ မသတ်မှတ် နိုင်ပါ ဘူး။ ဒီအ ချိန်မှာ လုံလောက်တဲ့ ထိန်းသိမ်း စောင့်ရှောက်မှု မရှိရင် ဆီးချို သွေးချို ရောဂါ အကြို အဆင့် ကနေ နောက် ၁၀ နှစ်လောက် အတော အတွင်းမှာ အမျိုး အစား (၂) ဆီးချို သွေးချို ရောဂါကို ဖြစ်လာ နိုင်တဲ့ အလား အလာ ရှိနေ ပါတယ်။ ဒါပေမဲ့ ဆီးချို ရောဂါ အကြို အဆင့် ကာလမှာ ကျန်းမာရေး နဲ့ လျော် ညီတဲ့ ဘဝ နေထိုင် စားသောက်မှု ပုံစံကို လိုက်နာ ပေးလိုက်ရင် သွေးတွင်း သကြား ဓာတ်က ပုံမှန် ဖြစ်သွား ပါလိမ့် မယ်။

-ဆီးချို သွေးချို ရောဂါ အကြို အဆင့်တွင် ပြတတ်သော ရောဂါ လက္ခဏာ များ

များသော အားဖြင့် ဆီးချို သွေးချို ရောဂါ အကြို အဆင့်ဖြစ်ရင် ဘာလက္ခဏာမှ မပြသ တတ်ပါ ဘူး။ အသား မာတက် တာလို့ ခေါ်တဲ့ အရေပြား နေရာ အရောင်ရင့် လာတာက ဆီးချို သွေးချို ရောဂါ အကြို အဆင့်ရဲ့ လက္ခဏာ တစ်ရပ် ဖြစ်တတ် ပါတယ်။ အသားမာ တက်တတ်တဲ့ နေရာတွေ ကတော့ လည်ပင်း၊ ချိုင်း၊ တံတောင်ဆစ်၊ ဒူးနဲ့ လက်ဆစ် တွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေငတ်တာ၊ ဆီးမ ကြာခဏ သွားတာ၊ နုံးတာ၊ အမြင် ဝေဝါးတာ စတဲ့ လက္ခဏာ တွေလည်း ဖြစ်တတ်ပ ပါတယ်။

-ဖြစ်ရ သော အကြောင်း ရင်းများ

ဆီးချို သွေးချို ရောဂါ အကြို အဆင့်ဖြစ်ရတဲ့ တိကျတဲ့ အကြောင်း ရင်းကို မသိ ကြပါ ဘူး။ ဝမ်းဗိုက် အဆီများ တာနဲ့ ကိုယ်လက် လှုပ်ရှားမှု နည်းပါးတာ စတဲ့ အကြောင်း တွေနဲ့တော့ ဆက်စပ် နေပါ တယ်။

-ဆီးချို သွေးချို ရောဂါ အကြို အဆင့် ဖြစ်နိုင် ခြေများ သော အကြောင်း ရင်းများ

အမျိုး အစား(၂) ဆီးချို သွေးချို ရောဂါ ဖြစ်နိုင် ခြေများတဲ့ အကြောင်း ရင်းတွေနဲ့ ဆီးချို သွေးချို ရောဂါ အကြို အဆင့် ဖြစ်နိုင် ခြေများ တဲ့ အကြောင်း ရင်းတွေက အတူ တူပဲ ဖြစ်ပါ တယ်။

-ကိုယ် အလေးချိန် များခြင်း

ပုံမှန် ထက် ကိုယ် အဖလေးချိန် များတာဟာ ဆီးချို သွေးချို ရောဂါ အကြို အဆင့် ဖြစ်နိုင် ခြေကို များစေ ပါတယ်။

-ကိုယ်လက် လှုပ်ရှား မှု နည်းပါး ခြင်း

လှုပ်ရှားမှု နည်းပါး လေလေ၊ ဆီးချို သွေးချို ရောဂါ အကြို အဆင့် ဖြစ်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။

-အသက် အရွယ်

ဆီးချို သွေးချို ရောဂါ အကြို အဆင့် ဖြစ်နိုင်တဲ့ အန္တရာယ်ဟာ အသက်ကြီး လာလေလေ ပိုမြင့်မား လာလေလေ ပါပဲ။ အထူး သဖြင့် အသက် ၄၅ နှစ်ကျော်ချိန်မှာ အဖြစ်များ ပါတယ်။ အသက်ကြီး လာတဲ့အခါ ကြွက်သား ထုထည် ဆုံးရှုံးမှု နည်းတာ၊ ကိုယ် အလေးချိန် မြင့်တက် တာနဲ့ ကိုယ်လက် လှုပ်ရှားမှု နည်းပါး တာတွေ အဖြစ်များ တာကြောင့်ပါ။

-မျိုးရိုး ရှိခြင်

မိဘ ဒါမှ မဟုတ် မောင်နှမ တွေမှာ အမျိုး အစား (၂) ဆီးချို သွေးချို ရောဂါ ရှိရင် ဆီးချို သွေးချို ရောဂါ အကြို အဆင့် ဖြစ်နိုင် ခြေ များ ပါတယ်။

-ကိုယ်ဝန် ဆောင်စဉ် ဆီးချို သွေးချို ရောဂါ ရှိခြင်း

ဆီးချို သွေးချို ရောဂါ ဖြစ်ခဲ့ ပါက နောက်ပိုင်းမှာ ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

-အခြား အကြောင်း ရင်းများ

သွေးတိုး တာ၊ ကောင်းတဲ့ ကိုလက်စ ထရော (HDL) လျော့ ကျတာ၊ သွေးတွင်း မကောင်းတဲ့ အဆီ များတာ၊ အိပ်ချိန် နည်းလွန်းတာ စတဲ့ အကြောင်းရင်း တွေဟာလည်း ဆီးချို သွေးချို ရောဂါ အကြို အဆင့်ကို ဖြစ်နိုင် ခြေများ စေပါ တယ်။

-နောက်ဆက် တွဲ အကြောင်းရင်း များ

ဆီးချို သွေးချို ရောဂါ အကြို အဆင့်ကို ကောင်းကောင်း ထိန်းချုပ် ကုသမှု မခံ ယူပါက အမျိုး အစား (၂) ဆီးချို သွေးချို ရောဂါ ကို ဖြစ် စေနိုင်ပါ တယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချို သွေးချို ရောဂါ ကြောင့် ဖြစ်လာ နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ တွေကတော့ - သွေးတိုး တာ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စ ထရော များတာ၊ နှလုံး ရောဂါ၊ လေဖြတ် ရောဂါ၊ ကျောက်ကပ် ရောဂါ၊ အမြင် ၀ါးတာ စတာတွေ ဖြစ်ကြ ပါတယ်။ တကယ်လို့ သင့်မှာ ဆီးချို သွေးချို ရောဂါ အကြို အဆင့် ဖြစ်နိုင်တဲ့ အကြောင်း ရင်းတွေ ရှိနေရင် ဆေးစစ် ဆေးဖို့ ဆရာဝန် နဲ့တွေ့ ဆုံသင့် ပါတယ်။

-ဆရာဝန် နှင့် ပြသင့်သော အချိန်

ဆီးချို သွေးချို ရောဂါ မျိုးရိုး ရှိရင် ဒါမှ မဟုတ် ဆီးချို သွေးချို ရောဂါ လက္ခဏာ တွေကို ခံစား နေရရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး သွေးတွင်း သကြား ဓာတ်ကို စစ်ဆေး သင့်ပါ တယ်။ သင့်မှာ အောက်ပါ လက္ခဏာ တွေ ရှိနေ ရင်လည်း သွေးတွင်း သကြား ဓာတ်ကို စစ်ဆေး ကြည့်သင့် ပါတယ်။
၁။ ကိုယ် အလေးချိန် များ နေရင်၊ အဝလွန် နေရင်
၂။ အသက် ၄၅ နှစ်နဲ့ အထက် ဖြစ်နေရင်
၃။ ကိုယ်ဝန် ဆောင်စဉ်မှာ သွေးတွင်း သကြား ဓာတ် များခဲ့ရင် ဒါမှမဟုတ် ကိုယ်အ လေးချိန် ကိုးပေါင် ကျော်တဲ့ ကလေး မွေးခဲ့ ဖူးရင်
၎။ သွေးတိုး ရောဂါ ရှိရင်
၅။ သွေးတွင်း မကောင်းတဲ့ အဆီ များ နေပြီး ကောင်းတဲ့ အဆီ နည်း နေရင်
၆။။ ညတိုင်း လိုလို အချိန် ငါးနာရီ ခွဲနဲ့ အောက်ပဲ အိပ်စက် ဖြစ်ရင်
၇။ သားဥ အိမ်မှာ သားဥ မကြွေ နိုင်ဘဲ ရေအိတ် ငယ်တွေ ဖြစ်တည် လာတဲ့ ဟော်မုန်း ဆိုင်ရာ ရောဂါစု (Polycystic Ovary Syndrome) ရှိရင်

-ရောဂါ ကာကွယ် မှု

ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ နေထိုင် စားသောက်မှု ပုံစံကို ရွေးချယ် လိုက်နာ တာက ဆီးချို သွေးချို ရောဂါ အကြို အဆင့် မဖြစ်အောင်ရော၊ အမျိုး အစား (၂) ဆီးချို သွေးချို ရောဂါ မရှိ အောင်ပါ ကာကွယ် ပေးနိုင် ပါတယ်။ တကယ်လို့ သင့်မှာ မိသားစု မျိုးရိုး ရှိနေ ရင်တောင် ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်စား သောက်မှု ပုံစံကြောင့် ရောဂါ မဖြစ်အောင် ကာကွယ် ထားနိုင်မှာ ဖြစ်ပါ တယ်။

-လိုက်နာ သင့်တဲ့ နည်းလမ်း တွေက တော့

၁။ ကျန်းမာ ရေးနဲ့ ညီညွတ် ပြီး အာဟာရ ပြည့်ဝတဲ့ အစား အသောက် တွေကို စားပါ။ အချို ရည်၊ အဆင်သင့် အစာ (Fast Food) တွေကို တတ်နိုင် သမျှ ရှောင်ပါ။
၂။ လေ့ကျင့် ခန်း များများ လုပ်ပါ။ နေ့စဉ် လုပ်ရတဲ့ လုပ်ဆောင်မှု တွေမှာ ကိုယ် ခန္ဓာ လှုပ်ရှား ဖြစ်အောင် ဆောင်ရွက် ပေးပါ။
၃။ ကိုယ် အလေး ချိန် များနေရင် အပို ကိုယ် အလေး ချိန်ကို လျှော့ချ ပါ။

ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)

No comments:

Post a Comment