Thursday, December 19, 2013

NATO အဖွဲ့ဝင် နိုင်ငံ များနှင့် ထိစပ် နယ်စပ် တစ်လျှောက် နည်းဗျူ ဟာမြောက် ဒုံးကျည်များ ရုရှား

တပ်ဖြန့်ချထား

ရုရှား နိုင်ငံသည် ပြည်တွင်းထုတ် နည်းဗျူ ဟာမြောက် Iskander-M အမျိုး အစား ဒုံးကျည် စနစ်များကို NATO အဖွဲ့ဝင် နိုင်ငံများနှင့် ထိစပ် နေသည့် နယ်စပ် တစ်လျှောက်တွင် တပ်ဖြန့်ချ ထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ဒုံးကျည်များ တပ်ဖြန့်ချ ထားမှုသည် နိုင်ငံတကာ သဘောတူ စာချုပ်များ အပေါ် ချိုးဖောက်ခဲ့ခြင်း မဟုတ်ကြောင်း ရုရှား နိုင်ငံက အခိုင် အမာ ပြောဆိုလျက် ရှိသည်ဟု သိရသည်။

ရုရှား နိုင်ငံ အနေဖြင့် အဆိုပါ ဒုံးကျည် စနစ်များကို အက်စတိုနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယား နိုင်ငံ တို့နှင့် ထိစပ်နေသည့် နယ်စပ် တစ်လျှောက်တွင် လည်းကောင်း၊ ရုရှား နိုင်ငံ၏ အနောက်စွန်း Kaliningrad ဒေသတွင် လည်းကောင်း အသီးသီးတပ်ဖြန့် ချထား ခဲ့ကြောင်း အနောက် နိုင်ငံများမှ မီဒီယာ အချို့က အစော ပိုင်းတွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

တပ်ဖြန့်ချ ထားသော ဒုံးကျည် များသည် အကွာ အဝေး ၄ဝဝ ကီလိုမီတာ (၂၄၈ မိုင်) အထိ ရောက်ရှိ ပစ်ခတ် နိုင်ကြောင်းနှင့် ၁၉၈၇ ခုနှစ်တွင် ရုရှားနှင့် အမေရိကန် နိုင်ငံတို့ အကြား ချုပ်ဆို ခဲ့သည့် သဘောတူ စာချုပ်အရ ပိတ်ပင်တား မြစ်ခဲ့သည့် တာလတ်ပစ် ဒုံးကျည် အမျိုး အစားများ မပါ ၀င်ကြောင်း သိရသည်။

ထို့ပြင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ်က အမေရိကန်နှင့် ၎င်း၏ မဟာ မိတ်နိုင်ငံ များ အနေဖြင့် ဥရောပေ ဒသတွင် ဒုံးကျည် ကာကွယ်ရေး စနစ်များ တပ်ဖြန့် ချထားရေး အစီ အစဉ်များကို ဆက်လက် လုပ်ဆောင်သွား မည်ဟု ရုရှား ကာ ကွယ်ရေး ဝန်ကြီး ဆာဂျီရှိုဂူကို ထုတ်ဖော်ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ
Like · ·

No comments:

Post a Comment