Tuesday, December 3, 2013

Cyber ကဗျာသစ်



စာပို့သမားလေး G.mail ဟာ၊စာပို့ရာတွင်အလွန်သေချာ၊

ကိုသာဇံ Software သမား၊ Download လုပ်ဖို့သူကြိုးစား။

ရဲသားကြီးက Kaspersky ၊Virus ဖမ်းဖို့ကြိုးစားနေ

ကိုဖိုးမောင်နှခေါင်းသမား? Sexy site တွေသူလျှောက်သွား

ဦးသာထူးက Hardware ဆရာ၊နည်းပညာသစ်တွေသူလေ့လာ

တို့ဆိုင်ရှင်မခင်မြ၊ငွေတောင်းရာတွင်ရက်စက်လှ ။

ဟို(Net)ဆိုင်ကမီးထိန်ထိန်၊ ဒီ(Net)ဆိုင်ကမီးထိန်ထိန်

တစ်နာရီ(၅၀၀)တောင်းပါတဲ့၊ ရိုက်စားတို့အိမ်။

မောင်တို့မယ်တို့Net ဆိုင်ဝင်၊ အပြုံးပန်းကိုဆင်

Connection တော်တော်လေး၊ ညီညီညာညာနှုတ်ဆက်ပြေး ။

Online ပေါ်တက်ပါလို့၊ Website ထဲဝင်လိုက်ရင်

Policy ကာရံထားလို့ဘာမှကိုမမြင်၊ Bamar Net ရဲ့ Connection

အခြေနေရယ်မကောင်း၊ စိတ်ညစ်ပါကြောင်း ။

VZO ၊ Gtalk သုံးပါလို့၊ အချစ်ရှာတဲ့ကညာပျို ဟောကြည့်ကြပါဆို

အမူယာပိုအော်ကာပြောတဲ့စကား၊ ဘေးလူတွေအမြင်ကတ်တောင်မှ

အရှက်မဲ့စွာသူပြန်ပြောတယ်၊ နားပိတ်ကာထား ။

ညအခါ ၊ NETဆိုင်လာ၊

Download လုပ်မလားChat မလား၊

Web.cam မပါ ၊Earphone မလာ၊

တကယ်မရှိတာလား ၊ညစ်တာလား.....

No comments:

Post a Comment