Tuesday, December 17, 2013

ကျပ်သိန်းလေးထောင်နီးပါး တန်ဖိုးရှိ ဘုန်းတော်ကြီးပညာသင်ကျောင်း

ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်ရေးအသင်း
  လေးကျောင်း ဂျပန်လှူ

The Voice Weekly
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ဂျပန်အစိုးရ၏ အသေးစား ထောက်ပံ့ရေး အစီအစဉ်အရ ကျပ်ငွေ သိန်း ၄၀၀၀ နီးပါး တန်ဖိုးရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်း လေးကျောင်းကို မန္တလေးတိုင်း ဒေသကြီးတွင် ဆောက်လုပ် လှူဒါန်းထား ကြောင်း ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဂျပန်အစိုးရ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ တစ်ရပ်အဖြစ် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ မြင်းခြံမြို့နယ် တို့မှ မူလတန်းနှင့် အလယ်တန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် ကျောင်းဆောင် အသစ်များ ဆောက်လုပ်ရန်အတွက် ၂၀၁၂ ခုနှစ်ကပင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ ကျောင်းဆောင်သစ်များကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီး Tashio Yamamoto က ကျောင်းထိုင် ဆရာတော်ကြီးများထံ ဒီဇင်ဘာလ ၁၃ ရက် နှင့် ၁၄ရက်နေ့ တို့တွင် လွှဲပြောင်း ပေးခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ယင်းကျောင်းဆောင်များ ဆောက်လုပ်ပေးခြင်းဖြင့် စဥ့်ကူးမြို့နယ်နှင့် မြင်းခြံမြို့နယ် တို့ရှိ ကျောင်းသူကျောင်းသား ၁၀၀၀ ကျော် ပညာသင်ကြားနိုင်ရေး အတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ရှင်းပြသည်။

ဂျပန်အစိုးရ၏ အဆိုပါ အသေးစား ထောက်ပံ့ရေး အစီအစဉ်ကို ၁၉၈၈ ခုနှစ်တွင် စတင်ခဲ့ပြီး ယနေ့အထိ မြန်မာနိုင်ငံ အနှံ့တွင် ကျောင်းပေါင်း ၂၇၁ ကျောင်း ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်သည်။

ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ရေးအသင်း===

No comments:

Post a Comment