Tuesday, December 3, 2013

တူနှစ်ကိုယ် ချစ်စန်းက

သစ်ပင်

အရွက်တွေ လှမှ
မျက်ရည်မကျပါနဲ့ခင်

သက်သေပြဘို့ လိုသလား

ဉ်တု နေပူရင် အရိပ်မိုး
မိုးရွာရင် အရိပ်ခို
ဆောင်းရာသီ သူ့ရင်နွေးအောင်
ဖေးခဲ့သူ ဒီရင်ခန်းက
နွမ်းကြေလို့နေ.။

မေရေ..
ဒီရင်ဝယ် ပူပူလွန်းလို့
ဘယ်ဆေးနဲ့ဘယ်လို ကု
ဘယ်နည်းကိုဘယ်လိုသုံး
ဘယ်လိုပင် ပြုစေဦးတော့
ရင်ချည်ထုံး အဖြည်ပျက်အောင်
ခက်လှတယ်ကွယ်..

တကယ်...
ခင်မကြင် တမင်ချိုး
ဒီရင် သစ်ပင်မျိုးက
အကိုင်းကို ခုတ်တော့ အမြစ်သန်
ချိုးလေ သန်လေ
အမျိုးမှန်စေတော့

(အရင်က ..)
ပျက်လွင့်ကြွေပေမယ့်

အခုတော့လေ
ရွက်ရင့်တွေ ချွေ
ခက်နုတွေ ဝေဆာမြူးလို့
ကိုင်းဦးမှာ ပန်းဖူးတွေ ဝေ
မဆိုင်းဘူးလေ ပွင့်တာဆန်းလို့
စိမ်းလန်းလျှက်သာ..။( ကိုလွမ်းဝေ ငါလိုယောင်္ကျားပြဿမရှိ )
Like · ·

No comments:

Post a Comment