Monday, December 2, 2013

နိုင်ငံတော် အလံအား အလေးပြု


ဆိုတဲ့ အမိန့် သံကို ရတော့
ကိုရင့်ညာဖက်လက် ဆတ်ကနဲ မြောက်တက်သွားတယ်
ကော့လည်းမကော့ ကွေးလည်းမကွေးတဲ့ လက်ဖဝါးပြင်နဲ့  လက်ချောင်းလေးတွေဟာ တစ်ဖြောင့်တည်း အနေအထားနဲ့  ညာဖက်မျက်ခုံး ရှေ့  တစ်လက်မ အကွာမှာ တည်ငြိမ်စွာရပ်သွားတယ်
ခါးကိုဆန့် ပြီး ရင်ဘတ်ဖွင့်ထားလိုက်တယ် ရှေတူရှု ကို တင်းတင်းစိုက်ကြည့်ရင်း ကိုယ်ရဲ့ ရှေ့ မှာ နိုင်ငံတော်အလံ ရှိနေသကဲ့သို့  စစ်ပုံကျကျ အလေးပြုလိုက်တယ်
ယူနီဖေါင်းမပါတဲ့ စစ်သားအိုကြီး ကိုရင်လူထွက်ဟာ အခုချိန်ထိ ကိုယ့်နိုင်ငံတော် အလံကို အလေးပြုဆိုတာနဲ့  ငယ်မူငယ်သွေးနဲ့  တစ်ကိုယ်လုံး အကြောအချင်တွေ မာတောင့်သွားပြီး စနစ်တကျ အလေးပြုနေဆဲပဲလို့  ကိုယ့်ကိုယ်ကိုယ်သုံးသပ်မိလိုက်တယ်

ဒီနိုင်ငံမှာ မွေး ဒီနိုင်ငံမှာ ကြီး ဒီနိုင်ငံတော်ကြီးရဲ့ အလံကိုမှ အလေးမပြုရင် ဘယ်နိုင်ငံရဲ့ အလံကို အလေးပြုရဦးမှာလည်း

ဦးညွတ်သူတွေအားလုံးနဲ့ အတူတူ နိုင်ငံတော် အလံအား အလေးပြုခဲ့သော

(ကိုရင်လူထွက် ငပိချက်)

No comments:

Post a Comment