Tuesday, December 3, 2013

ဝိဉာဉ်မဲ့



ကဗျာအတွေးနဲ့
စာရေးနေကြတဲ့တို့ တတွေ…

ပကာသနမဖက်
အသပြာလည်းမမက်
ဝါသနာသက်သက်ကိုအရင်းခံ
စာယဉ်ကလေးတွေမွေးဖွားးး

ပတ်ဝန်းကျင်မြင်မြင်သမျှ
စာအလှနဲ့တန်ဆာဆင်
ငြိုငြင်သူတွေကကဲ့ရဲ့
စိတ်ကူးယဉ်သမားတဲ့လားး…

ကြားဖူးတဲ့စကားးးရှိ
"နိုင်ငံ့ခေါင်းဆောင်ဆိုတာ
တိုင်းပြည်ဦးကင်း"

"သံဃာဆိုတာ
နိုင်ငံ့တံခွန်"

"ကဗျာဆရာဆိုတာ
နိုင်ငံ့မျက်ရှင်"တဲ့

မရေရာ ပေမယ့်
သေချာ တာတစ်ခုက
ဝါသနာ ကိုအသပြာနဲ့မလဲ
ကဗျာ နဲ့သာခွဲရမယ်ဆို…

အသက်ရှင်ရက်နဲ့
ဝိဉာဉ်မဲ့သူလို
ပီတိတွေပျက်သုဉ်း
သက်ဆုံးထိတိုင်
နေထိုင်သွားရပါလိမ့်မယ်လေ…
ခင်လေးစံပယ်

(ယခင်တင်ဖူးသားအဟောင်းလေးပါ
ဖတ်ဖူးပြီးသားသူများခွင့်လွှတ်နော်)

No comments:

Post a Comment