Tuesday, December 3, 2013

ပည်ပ ဆက်သွယ်ရေး အော်ပရေတာ နှစ်ခု၌ အလုပ် လျှောက်လွှာများ အပြိုင်အဆိုင် ခေါ်ယူ နေကြပြီး လျှောက်ထား လို သူများပြား



ပြည်တွင်း၌ ဆက်သွယ် ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ရရှိထား သည့် နော်ဝေ နိုင်ငံ အခြေစိုက် Telenor နှင့် ကာတာ နိုင်ငံ အခြေစိုက် Ooredoo နည်းပညာ ကုမ္ပဏီများ တွင် မြန်မာ နိုင်ငံသားများ ၏ အလုပ် လျှောက်ထား မှုများ မြင့်တက် လျက် ရှိကြောင်း စုံစမ်း သိရှိ ရသည်။ သုံးစွဲမည့် သူများ သို့ ဈေးကွက် မြှင့်တင် မှု အစီအစဉ် များ ကိုလည်း အပြိုင် အဆိုင် ခင်းကျင်း ပြသ နေကြသည့် အဆိုပါ နိုင်ငံ တကာ ဆက်သွယ်ရေး ကုမ္ပဏီများ ဘက်ကလည်း မြန်မာ နိုင်ငံသား ဝန်ထမ်းများ ကို အပြိုင် ခေါ်ယူမှု များ ပြုလုပ် နေကြသည် ဟု စုံစမ်း သိရှိ ရသည်။ ယင်းကဲ့သို့ ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများ ၏ အလုပ် အကိုင် ခေါ်ယူ မှုတွင် အသက် မွေးဝမ်း ကြောင်း ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှု၊ ဘာသာ စကား ကျွမ်းကျင် မှုများက လျှောက်ထား သည့် နိုင်ငံသားများ အတွက် အဓိက ကျသည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေ ကြောင်းလည်း အဆိုပါ ကုမ္ပဏီများ တွင် အလုပ် လျှောက် ထားမှု ပြုလုပ် ထားသူ အချို့က ဆိုကြသည်။

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ၄င်းတို့သည် လက်ရှိ အချိန်တွင် မြန်မာ နိုင်ငံသား ဝန်ထမ်း ပေါင်း ကိုးဆယ်ခန့် ကို အလုပ်အကိုင် နေရာများ ခန့်အပ် ထားရှိပြီး ဖြစ်ပြီး ယခုနှစ် အကုန်တွင် တစ်ရာ့ နှစ်ဆယ် ဦးရေခန့် အထိ တိုးမြှင့် ခန့်ထားရန် ရည်မှန်း ထားသည်။ ထို့အပြင် ၄င်း တို့နှင့် ပူးပေါင်း လုပ်ကိုင် လိုသည့် ကျွန်ုပ် တို့ နိုင်ငံသားများ ၏ များပြား သော အလုပ် လျှောက်လွှာ များ ကိုလည်း လက်ခံ ရရှိ နေကြောင်း ဆိုသည်။ အရှေ့ အလယ်ပိုင်း ဒေသ နိုင်ငံ တစ်ခု ဖြစ်သည့် ကာတာ နိုင်ငံ Ooredoo ကုမ္ပဏီ ၏ မြန်မာပြည် အမှုဆောင် အရာရှိချုပ် Mr.Ross Cormack က လာမည့် ငါးနှစ် အတွင်းတွင် ၄င်း တို့ထံတွင် မြန်မာ နိုင်ငံသား ၉၉ ရာခိုင်နှုန်း ကို အလုပ်အကိုင် နေရာများ ခန့်အပ် ထားပြီး ဖြစ်မည် ဟု အခိုင်အမာ သတင်း ထုတ်ပြန် ထား သည်။

မြန်မာ နိုင်ငံသားများ လိုအပ်လျက် ရှိသော နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှု များ ကို ပေးနိုင်ရန် အတွက် အဓိက ကျသည့် ဈေးကွက် ယှဉ်ပြိုင်မှု ပိုင်း တွင်လည်း ပြိုင်ဆိုင်မှု ပြင်းထန် နေသည့် ၄င်း အော်ပရေတာ နှစ်ခုသည် ၄င်း တို့၏ အရောင်း ဌာန၊ ဖြန့်ချိ ရေး ဌာန၊ ဝယ်ယူ သူများ ကို ဝန်ဆောင်မှု ပေးရသည့် ဌာန၊ သတင်း အချက်အလက် နှင့် နည်းပညာ ပိုင်းဌာန၊ လက်လီ အရောင်း ဌာန၊ ရုံး တွင်းပိုင်း ဌာန အစရှိသည့် နေရာများ အတွက် နိုင်ငံသား ဝန်ထမ်းများ ကို အဆက် မပြတ် ခေါ်ယူ နေကြခြင်း သည် ယခု ကဲ့သို့ နိုင်ငံတကာ ဆက်သွယ် ရေး ကုမ္ပဏီ များ မြန်မာ နိုင်ငံသို့ ဝင်ရောက် လာခြင်း ကြောင့် ပြည်ပ နိုင်ငံများ တွင် သွားရောက် အလုပ်လုပ် ကိုင် နေသည့် မြန်မာ နိုင်ငံသားများ ပြည်တွင်း ရှိ ၄င်း ကုမ္ပဏီများ နှင့် ချိတ်ဆက် လုပ်ကိုင်ရန် ပြန်လည် ဝင်ရောက် လာနိုင် ဖွယ်ရာ ရှိနေ သည် ဟု ပြည်ပ ရောက် မြန်မာ နိုင်ငံသား တချို့က သုံးသပ် ကြသည်။ ယခု လက်ရှိ မြန်မာ နိုင်ငံတွင် လုပ်ငန်း များ လုပ်ကိုင်ရန် အတွက် စတင် နေပြီ ဖြစ်သည့် အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ များ သည် ၄င်း တို့၏ အဆင့်မြင့် ဝန်ထမ်းများ တွင် မြန်မာ နိုင်ငံသားများ အပြင် အိမ်နီးချင်း နိုင်ငံ တချို့မှ ကျွမ်းကျင် ဝန်ထမ်းများ ကိုပါ ခေါ်ယူ ခန့်အပ် ထားရကြောင်း သိရ သည်

No comments:

Post a Comment