Friday, December 20, 2013

ခွေးရဲ့အတွေးတွေကို လူဘာသာစကား အဖြစ် အသံထွက်ပေးနိုင် မယ့် ခွေးလည်ပတ်


Friday, December 20, 2013

ငွေကြေးအခက်အခဲကြောင့် ပစ္စည်းတွေမတီထွင် နိုင်တဲ့ ခေတ်ကာလ ကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ပစ္စည်းတွေတီထွင်ဖို့အတွက် လူအများက ငွေကြေးစိုက်ထုတ်ပေးတဲ့ kickstarter, Indiegogo တို့လို ၀က်ဆိုက် တွေ တွင်ကျယ်စွာ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း အဲဒီ စီမံကိန်း တွေက နေ အံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတွေ အများကြီးထွက်ပေါ်လာခဲ့ပြီးပါပြီ။ အခုတစ်ခါမှာလည်း ထူးဆန်းအံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတစ်ခုပေါ်ထွက်လာပြန်ပါပြီ။ No More Woof လို့နာမည်ပေးထားတဲ့ ခွေးလည်ပတ်လေး က ခွေးရဲ့ အတွေးတွေကို သိရှိအာရုံခံနိုင်ပြီး လူသာသာစကားအဖြစ်ပြောင်းလဲ အသံထွက်ဖတ်ပေးနိုင်ပါတယ်။ No More Woof က နည်းပညာဆန်းသစ်ပေမယ့် စတာလင်ပေါင် ၄၀ သာကုန်ကျမှာဖြစ်ပါတယ်။

Nordic Society for Invention အဖွဲ့မှ Scandinavian လူမျိုးတွေက Indiegogo ၀က်ဆိုက်မှတစ်ဆင့် No More Woof အတွက် ရန်ပုံငွေ ကောက်ခံနေကြပြီဖြစ်ပါတယ်။ တိရိစ္ဆာန် တွေရဲ့ အတွေးတွေကို English အပြင် Mandarin, French, Spanish ဘာသာစကားတွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့ စီမံကိန်း ကို ပြုလုပ်နေပါတယ်။

No More Woof ခွေးလည်ပတ်မှာ EEG Recorders ပါရှိပြီး Raspberry Pi ကွန်ပြူတာအသေးလေးနဲ့ချိတ်ဆက်တပ်ဆင်ထားပါတယ်။ Loudspeaker အသေးလေးလည်းပါရှိပြီး ခွေးရဲ့အတွေးတွေကို လူတွေနားလည်တဲ့ ဘာသာစကားအဖြစ် အသံထွက်ပေးမှာဖြစ်ပါတယ်။ ခွေးရဲ့ အခြေခံ စိတ်ကူးအတွေးတွေဖြစ်တဲ့ မောပန်းတာ ၊ ဆာလောင်တာ စတဲ့ အတွေးတွေကို ခြေရာခံနိုင်တဲ့ Patterns တွေကိုလည်း ဖော်ထုတ်သိရှိပြီးဖြစ်တယ်လို့ တီထွင်သူတွေက ပြောပါတယ်။
No More Woof ကို ရောင်းချမယ့် ဈေးဟာ စတာလင်ပေါင် ၄၀ (ဒေါ်လာ ၆၅) ၀န်းကျင်ဖြစ်ပြီး Patterns နှစ်မျိုး သို့မဟုတ် သုံးမျိုး ပါရှိမှာဖြစ်ပါတယ်။ Nordic Society for Invention က ဒေါ်လာ တစ်သောင်း(စတာလင်ပေါင် ၆၁၀၀) ရန်ပုံငွေကောက်ခံထားပြီး အခုလောလောဆယ်မှာ ဒေါ်လာ ၃၀၀၀ နီးပါး ရရှိနေပြီဖြစ်ပါတယ်။

အဆိုပါ စီမံကိန်း ဟာ အခုလောလောဆယ်မှာ စိတ်ကူးပုံဖော်နိုင်တဲ့ အဆင့်သာရှိသေးပေမယ့် တီထွင်သူတွေက လက်တွေ့စမ်းသပ်ပြီးပြီလို့ပြောပါတယ်။ လာမယ့် နှစ်အနည်းငယ်မှာ လူတွေနဲ့ ခွေးတွေကြားမှာ စကားပြောဆိုနိုင်မယ့် No More Woof လို Translators တွေပေါ်ထွက်လာမယ်လို့မျှော်လင့်ကြောင်း ရေးသားတင်ပြ လိုက်ပါတယ်။

Myanmar Consumer Guide

No comments:

Post a Comment