Tuesday, December 17, 2013

ကျွန်တော် အင်းဝဘဏ်သတင်းကို တင်တဲ့ရည်ရွယ်ချက်က မိတ္ထီလာ အင်းဝဘဏ်က

မန်နေဂျာအမျိုးသမီးနှင့်တကွ ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုပွဲလေး လုပ်ပေးစေချင်လို့ ပြည်သူတွေလည်း သိအောင် တင်လိုက်တာပါ...
-------------------------------------------------------------------------------
တိုက်တဲ့သူက တပ်မတော်သားဖြစ်တာနဲ့ တပ်မတော်တစ်ရပ်လုံးကို အပုပ်ချလို့မရပါဘူး... ရဲဖြစ်ချင်လည်းဖြစ်မှာပဲ... အတိုက်အခံ ပါတီတစ်ခုခုက ဖြစ်လည်း ဖြစ်မှာပဲ...

ဆိုလိုတာက ဒါက လူတစ်ဦးချင်းစီရဲ့ စိတ်နဲ့ပဲဆိုင်ပါတယ်

အဖွဲ့လိုက် မကောင်းမြင်ပြီး ပြောတယ်ဆိုတာကတော့ ပြောတဲ့သူရဲ့ ခံယူချက်နဲ့ သူ့ရဲ့ စိတ်ထားနဲ့သာဆိုင်တာပါ... အဲဒီလို ပြောသူရဲ့ စကားကို ယုံပြီး အဲဒီစကားကိုသာ ထောက်ခံတယ်ဆိုတဲ့ အသိုင်းဝိုင်းကလည်း ပညာမဲ့လွန်းပါတယ်... တကယ်တန်းဝေဖန်ပိုင်းခြားနိုင်တဲ့ သူတွေဆိုရင် အဖွဲ့အစည်းလုပ်ရပ်လို့ မမြင်ပါ.. တရားဥပဒေစိုးမိုးနိုင်စွမ်းနှင့် လူ့စိတ်နှင့်သာ ဆိုင်တာပါ...

ခုလည်း တပ်ကနေ ပြုလုပ်သူကို ပြင်းထန်စွာ အပြစ်ပေးဖို့ လုပ်နေပါပြီ... ဒီအတိုင်းလည်း အားပေးအားမြှောက် မလုပ်ထားပါ...

ဒီလို သတင်းမျိုးကို ပြည်သူတွေ အမှန်သိသင့်တယ်ထင်ပါတယ်...

ဒါကိုမှာ တပ်ကသူပါလို့ တပ်ကို မကောင်းပြောမှာစိုးလို့ သတင်းမှန်ကို မသိစေချင်ဘူး... ဒီသတင်းမတင်ပါနဲ့ ပြောတဲ့သူတွေရဲ့ ဦးနှောက်ကို ကျွန်တော် စဉ်းစားမိပါတယ်... ဒီလူတွေ စဉ်စားနိုင်စွမ်းနဲ့ တရားဥပဒေစိုးမိုးရေး အမြင် ပြည်သူ့ဝန်ထမ်းကောင်းအမြင်နဲ့ ဘဏ်ဝန်ထမ်းများကို ဂုဏ်ပြုလိုတဲ့ အမြင် ရှိကောင်း ရှိပါ့မလားလို့ပါ...

သတင်း အမှောင်ချတယ်ဆိုရင် တပ်နဲ့ ပြည်သူပိုဝေးကွာသွားပါလိမ့်မယ်

အရှိ အရှိ အမှန်ကို အမှန် ချပြ သုံးသပ်ပြ အပစ်ပေးပြမှ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိလာမှာပါ...

ဒါကို အချိန်နဲ့ လုပ်ရပ်ကသာ သက်သေပြပါလိမ့်မယ်... သတင်းကို ဖုံးထားယုံနဲ့တော့ ဘာမှဖြစ်မလာပါ...

ကျေးဇူးပါ..

အင်းဝဘဏ်အနေနဲ့လည်း အဲဒီ ဝန်ထမ်းတွေကို ဆုချီးမြှင့်စေလိုပါတယ်...

ဝေဟင်ချစ်သူ

သတင်းနှင့်စွယ်စုံCredit To:ဝေဟင်ချစ်သူ >ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်

No comments:

Post a Comment