Friday, December 20, 2013

ငါလိုယောင်္ကျား ပြဿဒါး မရှိ

အရင်ကလို
မနက်တိုင်း ဖုန်းပုံမှန်ဆက်ပြီး နှိုးမယ့်သူမရှိတော့တဲ့အခါ

ကော်ဖီတူတူသောက်ဖို့ ပြောတဲ့သူ မရှိတော့တဲ့အခါ

ကျန်းမာရေးဂရုစိုက်နော် လို့ တဖွဖွ မှာမယ့်သူ ကျွန်မဘေးမှာ မရှိတော့တဲ့အခါ

"မောင့်ကို ချစ်လား" လို့ ခဏခဏ မေးမယ့်သူ မရှိတော့တဲ့အခါ

"ကျွန်မကို အရမ်းချစ်တယ်"လို့ 
ပြောမယ့် မောင် ကျွန်မနားမှာ မရှိတော့တဲ့အခါ

ညအိပ်ရာဝင်တိုင်း မောင့်ရဲ့ 
Good night!!!
ဆိုတဲ့အသံ မကြားရတော့တဲ့အခါ

အဲလိုများဖြစ်ခဲ့ရင် လို့ 
တွေးမိတဲ့တစ်ခဏ

ကျွန်မ ဘဝမှာ မောင်မရှိရင်မနေနိုင်မှန်း သေချာစွာသိရှိသွားခဲ့ပါရဲ့  ==

No comments:

Post a Comment