Thursday, December 19, 2013

ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ

 အပစ်အခတ် ရပ်စဲထားသော်လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု ယမန်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာ
Thursday, December 19, 2013

ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားသော်လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကုလသမဂ္ဂ မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ အနေဖြင့် ဘိန်းထုတ်လုပ်မှုကို လျှော့ချရန် ကြိုးပမ်းနေသည့်ကြားမှ ထိုသို့ဘိန်းထုတ်လုပ်မှု မြင့်တက်လာရခြင်းမှာ ဒေသခံလယ်သမားများ အနေဖြင့် စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းရန်အတွက် အခြားနည်းလမ်း မရှိသောကြောင့် ဖြစ်သည်ဟုလည်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။

(UNODC) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဘိန်းတန်ချိန် ၈၇၀ ထုတ်လုပ်မည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်အပြီး ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည် ဖြစ်သည်။ ထိုပမာဏသည် ခုနစ်နှစ်ဆက်တိုက် ဘိန်းထုတ်လုပ်မှု ဆက်တိုက်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် အာဖဂန်နစ္စတန်၏ ဘိန်းထုတ်လုပ်မှုသည် ၅၅၀၀ တန်ချိန်ထိ ရှိမည်ဖြစ်ပြီး ယမန်နှစ်က ထုတ်လုပ်မှုထက် ၄၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ အာရှတွင် မူးယစ်ဆေး လိုအပ်ချက် မြင့်မားလာမှုက မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု မြင့်တက်လာခြင်း၏ ...
Like · ·

No comments:

Post a Comment