Monday, December 2, 2013

~~ဒီဇင် ဘာအလွမ်းည~~~




ဒီဇင် ဘာနံနက် ခင်းမှာ အသက်နှင်းပြီး

ချစ်ခဲ့မိတာကို ဆောင်းချမ်းမြမြကာလ

တစ်ညတာမှာဆောင်းနှင်းပွင့်လေး

တွေကသက် သေထူလိမ့်မယ်ချစ်သူ…

အ ရှေ့အရပ်က ထွက် လာမဲ့နေမင်းကြီး

ကပူပြင်းလှပေမဲ့ဆောင်းညချမ်းရဲ့ အ
အေးဒါဏ်ကို အံ့မတုနိုင် ဘူး။

နှင်းစက် လေးတွေတစ်ပေါက်ပေါက်ကျ

နေတဲ့ည လေးမှာ အ ဝေးက ချစ်သူကို

လွမ်းဆွေးရင်း ပူပင်နေ မိတယ်……

ငါတို့ဆုံဆည်းဖို့ကြိုးစားရင်း

မင်းလက်ဖဝါးလေးတွေသွေးခြေဥနေ

မှာ မြင် ယောင် လာမိတယ်။

ငါဒါဏ် ရာရ တော့မင်းက ငါ့ထက် ပို

ကြေကွဲလို့နေပြန်တော့ငါ့ရင် ထဲ

မချိလိုက်တာကွာ…………

မြူတွေမှိုင်းမှုံ ဆောင်းညမှာချမ်းတုန်

နေ ပေမဲ့လည်း ဒီမှိုင်းမြူလေ တွေ

ကိုဝါးမြိုချပြီးနိုးထ နေတဲ့ငါက ပေါက်ကွဲ

တော့မဲ့မီးပုန်းကြီးတစ်လုံးလိုဘဲရင် ဘတ်

ကြီးထဲမှာ အပူတွေကြွလို့်ဝုန်းတိုင်း

ကြဲနေ လေရဲ့………………

မင်းကိုတမ်းတ နေတဲ့စိတ်တွေနဲ့
အလွမ်းည တွေကိုဖြတ်သန်းနေရတာ

မ ရေတွက်နိုင် ဘူးအိပ်ပျက်လို့ငါရှုး

တော့မယ် ချစ်သူရယ်…………

ကံကြမ္မာရယ်ဆုံနိုင် ခွင့်လေးပေးသနားပါ

ကွယ်။

ဆုံဖို့ကံကြမ္မာမရှိရင် ကြိုပြောလိုက် ပါနော်…

ပြိုကျနေတဲ့ငါ့ဘဝရဲတိုက် အိုကြီးမှာ

တစ် ယောက် လက် တစ် ယောက်တွဲပြီး

ရဲရဲကြီးသေပွဲဝင် လိုက် ချင် လို့ပါ…

မင်းကိုသနားလိုက်တာ မင်းကျန်ခဲ့ပါ

တော့…ငါဘဲသွားပါ ရ စေ ချစ်သူ…

ငါမရှိတော့ပေမဲ့ ဘယ်တော့မှမညိုနွမ်း

တဲ့သစ္စာရောင် နှင်းဆီပန်းလေးတစ်ပွင့်

့်တော့ချန်ထားပေးခဲ့မှာပါ……………

ဒီဇင် ဘာဆောင်းည ရောက် တိုင်းမင်း

လွမ်းရင် မွှေးကြူဖို့လေ……………



အားလုံးကိုချစ်ခင် လေးစားလျှက်


လေလှိုင်းကြားက
( ကိုလွမ်းဝေ )

No comments:

Post a Comment