Friday, December 20, 2013

စတုတ္ထမဏ္ဍိုင်ဆိုသူများအကြောင်း


==================

7daysက ဦးခင်ညွန့်မကောင်းကြောင်း, ထောက်လှမ်းရေးမကောင်းကြောင်း မရေးဘူး။ ဘာလို့ဆို အရင်ခေတ်က မျက်မှန်ကြီးတပည့်ရင်းဖြစ်တဲ့ ဦးဝင်းအောင်ရဲ့သား ဦးသောင်းစုငြိမ်း ပိုင်တဲ့ ဂျာနယ်မို့လို့။

Elevenက ဦးရွှေမန်းနဲ့ မက်စ်ဦးဇော်ဇော်မကောင်းကြောင်း မရေးဘူး။ ဘာလို့ဆို ဦးအောင်သက်မန်းက Elevenမှာ ရှယ်ယာပါပြီး ဦးဇော်ဇော်ကတော့ ဒေါ်လာ၂သိန်းတန်ကားတစီး ဦးသန်းထွဋ်အောင်ကို လက်ဆောင်ပေးထားလို့။

Messengerက ဦးတင်အေးနဲ့ သမ္မတကြီးမကောင်းကြောင်း မရေးဘူး။ ဘာလို့ဆို ပိုင်ရှင်က ဦးတင်အေးသားဖြစ်ပြီး ဦးတင်အေးနဲ့သမ္မတကြီး DSAတပတ်စဉ်ထဲ ပါတနာတွေမို့။

Voiceက ဦးစိုးသိန်းနဲ့ဦးအောင်မင်း မကောင်းကြောင်း မရေးဘူး။ အီးဂရက်နဲ့ ပါတ်သက်နေလို့။

သူရိယနေဝန်းက ဦးဝင်းမြင့်နဲ့ စီးပွားကူးသန်းမကောင်းကြောင်း မရေးဘူး။ ဘာလို့ဆို . . . .

သံတော်ဆင့်က ဦးဆန်းဆင့် မကောင်းကြောင်းနဲ့ ရန်ကုန်တိုင်းကြံခိုင်ရေးမကောင်းကြောင်း မရေးဘူး။ ဒါကတော့ တရားစွဲမယ်ကြေငြာထားတော့ ကျုပ်လည်းမပြောရဲဘူး။

လူထုပုံရိပ်က ကွန်မြူနစ်မကောင်းကြောင်း မရေးဘူး။ ဘာလို့ဆို သူတို့ကိုယ်တိုင်က အဲဒါတွေမို့။

မြန်မာတိုင်းမ်,ရန်ကုန်တိုင်းမ်, ပေါ်ပြူလာ, လျှပ်တပြက်က ဦးကျော်ဆန်း မကောင်းကြောင်း မရေးဘူး။ ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးတုန်းက သူတို့က အခွင့်ထူးခံတွေမို့လို့။

မဇ္ဈိမမီဒီယာကတော့ ဗိုလ်ချုပ်သိန်းဆွေရဲ့သားက ဝယ်သွားပြီးဆိုတော့ ထောက်လှမ်းရေးအုပ်စုက ပိုင်သွားပြီးဆိုပါတော့။(မဇ္ဈိမဝိုင်းတော်သားတွေက အရင်ကတည်းက လှမ်းအင်ဖော်မာတွေလား?)

ပြည်သူ့ခေတ်က သူရအေးမြင့်မကောင်းကြောင်း မရေးဘူး။ ပိုင်ရှင်ဦးစိုးသိမ်းနဲ့ သူရအေးမြင့်က တရွာထဲသားတွေမို့။

ဒါပါပဲ။ ခြောက်ပြစ်ကင်းတော့ ဘယ်ရှိမလဲနော့။

(ဥက္ကာရွှေဝင်း အပျင်းပြေ ဖွသည်)

No comments:

Post a Comment