Wednesday, April 9, 2014

ပုဂံ ဟစ်တိုင် shared his photo.

ကျွန်တော် မှာ သူငယ်ချင်း တစ်ယောက် ရှိသည်။သူ နာမည် က(.........)ပါ။သူ့ကို ကျွန်တော် တို့ သူငယ်ချင်း အဖွဲ့ က အား လုံး ခင်ကြသည်။ တစ်ဖက်သား မနစ်နာအောင် စတတ်၊ နောက်တတ်၊ ပြောင်တတ် သောကြောင့် ဖြစ်သည်။ သူ စတတ်၊ နောက်တတ်၊ ပုံမှာ လူကြီးများပင် အောချ လောက်သည်။
သူ့ ပုံကြည့် လျင် သူ့ မိသားစု အပေါ် ဘာမှ ခံစားချက် ရှိသည့်ပုံ မ ပေါ်ပါ။

သူ့ အမေ မထင်မှတ် ပဲ ဆုံးသွား တယ်။သူ့ အမေ အသုဘ ချစဉ် မှာတော့ သူငို သည်။ကျွန်တော် သူ့အနားမှာ နှစ်သိမ့် မိ ၏။ ကျွန်တော် သူငယ်ချင်း အတွက် စိတ်မကောင်း။အသုဘ ရက်မလည် ခင်ညဘက် ဆိုလျှင် ရပ်ကွက်ထဲ မှ သူငယ်ချင်း များနှင့် ကျောင်းနေဖက် သူငယ်ချင်း များ စကား ပြောစဉ် သူပုံစံ မှာ အရင်အတိုင်း မပြောင်းလဲ စ လိုက်နောက် လိုက်နှင့်။ကျွန်တော် က သူအမေဆုံး တာတောင် ပြုံးနိုင် ရယ်နိုင် သေးတယ် ဟုတွေး မိသေးသည်။ရက်လည် ပြီးသူတော့ ပုံမှန်ပါ ပဲ ဟု ကျွန်တော်တို့ သူငယ်ချင်း တစ်တွေ ပြောမိ သေးတယ်။
သူ့အမေ ဆုံးပြီး ၃လ ၄လ လောက်နေ တော့ ကျွန်တော်တို့ သူငယ်ချင်း အုပ်စု ရွှေစက်တော် ကိုသွား ကြရာ သူလဲ ပါသည်။သူပါတော့ အသွားကတည်းက ကားပေါ် မှာစလိုက် နောက်လိုက် နဲ့ တစ်ကား လုံး ရီလိုက် မောလိုက် နှင့် ရွှေစက်တော် ကို ဘယ်လို ရောက်သွား မှန်း မသိ။ဟို ရောက်တော့ လဲ ရေ ဆင်းဆော့ ကောင်မလေး တွေကို စ လိုက် နောက်လိုက် နှင့် အပျော်ကြီးပျော် နေတာ ကျွန်တော် တောင်သူ အမေဆုံး တာ လပိုင်း ရှိသေးတယ် မေ့သွား ပြီး ထင်တယ် ဟု ကျွန်တော် တွေးမိ လိုက်သည်။ ကျွန်တော် တွေးတာ ညကြမှ မှားမှန်း သိလိုက် ရသည်။
ညအခန်း ရှေမှာ ဂီတာ တီးစဉ် ကျွန်တော်က ထူအိမ်သင် ရဲ့ အမေအိမ် သီချင်း နဲ့ ဖွင့်မယ်ဟု စတီးစဉ် သူက အပြင်းအထန် ကန့်ကွက် သည်။ဘာဖြစ်လို့ လဲ လို့မေးတော့ အမေကို သတိရ မှာ ဆိုးလို့တဲ့။သီချင်း ပြောင်း တီးလိုက်သည်။ သူလဲ သီချင်း တွေ အားပါးတရ လိုက်ဆို သည်။ထို အချိန် ကောင်ကင် မှ ကြယ်တစ် ပွင့်ကြွေ ကြသည်။ ကျွန်တော် လဲ ကြားဖူး တာ ပြောပြ လိုက်တယ်။
''ကြယ် တွေ ကြွေ ရင် လို ချင် တာ တစ် ခု အ မြန် ဆု တောင်း ၊ ဆု တောင်း ပြည့် တယ်''
ကျွန်တော် ထိုသို့ ပြောပြီး စက္ကန့် မျှမကြာ။သူ ဆုတောင်းသံ ကြားလိုက် ရသည်။ထို ဆုတောင်းသံကြောင့် ပင် ကျွန်တော် ရင်ထဲ မှာ အမည်မသိ ခံစားချက် ရင်ထဲဖြတ်ဆီး သွားသည်။ သူ ဆုတောင်း လိုက်သည် က.........
''အ မေ ကောင်း ရာ သု ဂ တိ လား ပါ စေ''တဲ့
မိဘများ သားသမီး အပေါ် ထားသည့် မေတ္တာ ကို 'စုန် ရေ' ဟု တင်စား ကြသည် ကို ကျွန်တော် ခဏ ခဏ ကြားဖူးပါသည်။ ထို 'စုန် ရေ' ၏ အောက် မှာ အပြန်အလှန် လျို ၀ှက်စွာ စီးသော 'ဆန် ရေ' များရှိ နေသည် ကိုလဲ ကျွန်တော် သူငယ်ချင်း က သက်သေ ပြ နေသလို ကျွန်တော် ခံစား မိ..........................
Like · ·

No comments:

Post a Comment