Monday, April 14, 2014

ပြတ်ပြတ်သားသားလုပ်ပါ တခုဆိုအုပ်ချုပ်တဲ့ 

ပြတ်ပြတ်သားသားလုပ်ပါ တခုဆိုအုပ်ချုပ်တဲ့ 

အစိုးရ အစိုးရနဲ့ ပြောနေပြီ ကဲအစိုးရကြီးများ

အစိုးရသောအုပ်ချုပ်မှု့ ဆိုတာဒါကွလို့ ပြပါ
ပရိတ်သတ် ပွဲဆူဖို့ ရည်ရွယ်ပြီး လူမြင်မတင့်တယ် တဲ့ ဝတ်စား ဆင်ယင်မှုမျိုး ဖြော် ဖြေ မှု မျိုး ပြု လုပ်တဲ့ မဏ္ဍပ်တွေ ကို သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ လောက်မှာ အစည်းအဝေးလုပ်ပြီး အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှသိရပါတယ်။
သင်္ကြန်အကြိုနေ့ မတိုင်မီတရက်က မဏ္ဍပ်စစ်ဆေးရေးအဖွဲ့ က စစ်ဆေးခဲ့ပြီး ထိုစဉ်က နားနေခန်း တွေ မရှိခဲ့ ပါဘူး။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှတာဝန်ရှိသူတစ်ဦး က ` စစ်ဆေးရေး အဖွဲ့ တွေစစ်တုန်းကတော့ မရှိဘူး အခုလည်းကျရော နားနေခန်းတွေ ပေါ်လာရော VVIP လက်မှတ်တွေဆိုပြီးလုပ်ကြတာ။ ဒါတွေရော သရုပ်ပျက် တွေရော အကုန် မှတ်တမ်းတွေယူထားတယ်။အစည်းအဝေးလုပ်ပြီးတာနဲ့ အရေးယူမှာ။´ လို့ ဖြေပါတယ်။
မဏ္ဍပ်တွေလိုက်နာရမယ့် စည်းကမ်းတွေကို ဖောက်ဖျက်ရင်မဏ္ဍပ်ကို ချက်ချင်းပိတ်သိမ်းတဲ့အထိပြုလုပ်မယ်လို့ ကြေညာထားပေမယ့် ပျော်ပွဲရွှင်ပွဲပြုလုပ်နေချိန်ဖြစ်တာကြောင့်မပိတ်သိမ်းတာလို့ သိရပါတယ်။
မူးယစ်ဆေး စိတ်ကြွဆေးနဲ့ပတ်သက်လို့တော့ ပညာပေးမှုသာလုပ်နိုင်တာကြောင့်  ကိုယ်တိုင် ကိုယ့်ကို ကိုယ် ထိန်းမှရမယ်လို့လည်းဆိုပါတယ်။
အရေးယူမှုအပိုင်းမှာ ဒဏ်ကြေး ရှိသလို မဏ္ဍပ်ဆောက်ခွင့်ပိတ်တာမျိုးလည်းသတ်မှတ်ထားပါတယ်။ ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်တချို့ မှာ နားနေခန်းထည့်သွင်းတည်ဆောက်ထားမှုတွေရှိနေပါတယ်။

Author ရဲလင်းလင်းသန်း
Photo ကိုမျိုးခိုင်
Like · ·

No comments:

Post a Comment