ဆိုင်ကယ်တစ်စီးနှင့် ပြည်ရောက်လာသူ နှစ်ဦး မူးယစ်ဆေးဝါးများ သယ်လာ
ရေခဲ (ပြည်) Mizzima
ပြည်မြို့သို့ရောက်ရှိနေသော အောင်လံမြို့နေသူနှစ်ဦးထံမှ
စိတ်ကြွမူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးကာ အမှုဖွင့်
အရေးယူဆောင်ရွက်ထားသည်ဟု ပြည်မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်မူးယစ်တပ်ဖွဲ့စု(၃၇)၊ ပဲခူး မူးယစ်တပ်ဖွဲ့စု(၃၆)နှင့် ပြည်ခရိုင်
အထူးမှုခင်းနှိမ်နင်းရေးဌာနခွဲ ပြည်မြို့ မရဲစခန်းမှတာဝန်ရှိသူများ
ပူးပေါင်းအဖွဲ့သည် ဧပြီလ ၇ ရက် ည ၁၀ နာရီ ၄၅ ခန့်က သတင်းအရ ပြည် မြို့၊
ရွာဘဲရပ်ကွက်ရှိ Red House စားသောက်ဆိုင်သို့ သွားရောက်ကာ ဆိုင်အတွင်း
အရှေ့ဘက်တွင်ရှိ နေသူ အောင်လံမြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု
မော်လယ်ကုန်းရွာနေ မျိုးချစ်အောင်နှင့် အောင်လံ မြို့၊ အရှေ့ကုန်းရပ်ကွက်နေ
မင်းကိုကိုနိုင်(ခ)ကိုနိုင်တို့ထံ သွားရောက်ရှာဖွေခဲ့သည်ဟု ရဲမှတ်တမ်းတွင်
ဖော်ပြထားသည်။
ယင်းသို့ရှာဖွေရာတွင် မျိုးချစ်အောင် ၀တ်ဆင်ထားသော
မှိုတက်အရောင် ဂျင်းဘောင်းဘီရှည် ရှေ့အိတ် အတွင်းမှ ၈၈ တံဆိပ်ပါ
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ပြား စုစုပေါင်းအလေးချိန် ၄ ဒသမ ၅ ဂရမ်
ခန့်ပါတစ်ထုတ် ကာလတန်ဖိုး ကျပ် ၂၂၅၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ၎င်းတို့စီးနင်းလာသော
တရုတ်နိုင်ငံလုပ် ကန်ဘို ၁၂၅ အနက် ရောင်ဆိုင်ကယ် (လိုင်စင်စိစစ်ဆဲ)တို့ကို
သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း မြို့မ
ရဲစခန်းတာဝန်ရှိသူက ပြောသည်။
အဆိုပါဆေးပြားများကို အောင်လံမြို့
ရွာထောင်ရပ်ကွက်၊ ရွာထောင်ဘူတာလမ်းနေ ဦးခင်မောင်ထွန်းထံမှ တစ်ပြားလျှင်
ကျပ် ၄,၀၀၀ နှုန်းဖြင့် ကျပ် ၁၈၀,၀၀၀ ဘိုး ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု
ရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါမူးယစ်ဆေးဝါးများ
လက်ဝယ်ထားရှိသူ အောင်လံမြို့နေသူများဖြစ်သည့် မျိုးချစ်အောင်၊
မင်းကိုကိုနိုင်(ခ) ကိုနိုင်အပါအ၀င် မူးယစ်ဆေးဝါးရောင်းချသူဆိုသည့်
ဦးခင်မောင်ထွန်း (ဖမ်းဆီး မရမိသေး) တို့ သုံး ဦးအား မူးယစ်ပုဒ်မ (၁၅) /
၁၉(က) / ၂၁အရ ပြည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေ သည်။
No comments:
Post a Comment