ငါလိုယောင်္ကျား ပြဿဒါးမရှိ shared Shwe RK's status.
ဝမ်းသာဂုဏ်ယူလေးစားပါတယ်ဗျာ
ကြက်သီးထရလောက်အောင် ဝမ်းသာပီတိ
ကျွန်တော် ရန်ကုန်မှာပါ။ ကျောက်ကပ်စစ်ဖို့ ရောက်နေတာပါ။
မနေ့ ညနေ ဖိုးလဆီက ဖုန်းလာတယ်။ ဒိုင်ဂျစ်ဆဲ လား။ဘာလားမသိဘူး။ ဆေးကုမ္ပဏီတစ်ခုက ၃၈ နိုင်ငံယှဉ်ပြိုင်ပြီးပေးတဲ့ အကျိုးပြုဆေးခန်းစုကို ပီတိဆေးခန်းက မြန်မာနိုင်ငံ ကိုယ်စားပြုပြီးဒုတိယဆု ရတယ်တဲ့။ မြန်မာနိုင်ငံမှာတော့ ပထမဆုပေါ့တဲ။ လျောက်တာမဟုတ်ဘူး။ သူတို့ဘာသာ သူတို့ လာမေးပြီး ရေးတင်တာတဲ့။ ဖုန်းပြောနေရင်း ကြက်သီးတွေ ထလိုက်တာ။ ညက တစ်ညလုံး ငုတ်တုတ် မိုးလင်းသွားတယ်။
ဆေးခန်းဖွင့်ဖို့ စီစဉ်တာ မဲခွဲတော့ ညီနေလို့ နာယကအဖွဲ့အနေနဲ့ ဝင်ရတာ။ ခက်ခက်ခဲခဲ ဆောင်ရွက်ကြရတာ။ ရှေ့ဟောင်းနှောင်းဖြစ်တွေတွေးပြီး။ ကနဦးအစ လုပ်ခဲ့ကြသူတွေ။ ဒီနေလုပ်နေကြသူတွေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အလှူရှင်တွေရော လူနာတွေရော။ အားလုံး အားလုံးပါ။ ဆုပေးပွဲက အမေရိကန်မှာပါ။ ၅လပိုင်းတဲ့။ မြန်မာပြည်ကို လာပေးမှာပါ။ ရန်ကုန်ရောက်ပြီး လာတဲ့ ဖုန်းတွေမှာ အင်းမ ပရဟိတ ။အောင်ပြည့် ။ တင်မင်းထိုက် ။ စိတ်ညစ်ဖို့ကောင်းတယ်။ ဘုန်းကြီးပျံ ကိစ္စပါ ။ ဒါပေမဲ့ ညအိပ်ပျော်တယ်။ ဖိုးလ ဖုန်းလာမှ ဝမ်းသာလိုက်တာ ညက အိပ်မပျော်ဘူး။

No comments:
Post a Comment