၂ယောက်သားပြန်မဆုံနိုင်အောင် ဝေးခဲ့ပေမယ့်
နင့်ကို တိတ်တိတ်လေး ငါ လွမ်းတယ် ။
ဒီ့ထက်ပိုပြီး ရှေ့ဆက်ဖို့မလွယ်ကူတော့ဘူးဆိုပေမယ့်
နင့်ကို တိတ်တိတ်လေး ငါ လွမ်းတယ် ။
ငါ့စိတ်တွေ နင့်ဆီရောက်နေမှာစိုးလို့ ကြိတ်မှိတ်ပြီး မေ့ထားပေမယ့်
နင့်ဓါတ်ပုံလေးတွေ ပြန်ထုတ်ကြည့်မိတိုင်း
နင့်ကို တိတ်တိတ်လေး ငါ လွမ်းတယ် ။
နင့်သတင်းတွေမကြားမိအောင် နား၂ဖက်စုံပိတ်ထားခဲ့ပေမယ့် တိုက်ဆိုင်မှုရှိတဲ့သီချင်းလေးတွေနားထောင်မိရင်တော့ အမှတ်တရများစွာနဲ့
နင့်ကို တိတ်တိတ်လေး ငါ လွမ်းတယ် ။
ငါ့ကြောင့် စိတ်မဆင်းရဲစေချင်တော့လို့ နင့်ကို ကျောခိုင်းခဲ့ရပေမယ့် တကယ်တမ်း အတူသွားဖူးတဲ့ နေရာတွေရောက်ခဲ့မိရင်တော့ ငါ့ရင်တွေတဆစ်ဆစ်နာကျင်ရအောင်ထိ
နင့်ကို တိတ်တိတ်လေး ငါ လွမ်းနေမိပါတယ် ။
ပိုးသင်ဇာ
( Heart Canteen )

No comments:
Post a Comment