ကိုရင်လူထွက် ငပိချက် and 2 other friends were tagged in Honey James's photo.
Yesterday ·
·

နှစ်သစ်ကူးချိန် အခါသမယလေးမှာ စိတ်လက်ကြည်သာ ရွှင်လန်းတက်ကြွ ပျော်ရွှင်မြူးတူးနေကြတာ အဝေးရောက် မြန်မာတွေအတွက်တော့ အားကျတမ်းတစရာပါဘဲ. အတာတန်ခူးလေနဲ့အတူ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ၀တ်စားဆင်ယင်မှုကြောင့် ထွက်လာတဲ့ အနံ့ဆိုးတချို့ကလည်း ၀ါရွှေတဲ့ပိတောက်ရနံ့ကိုတောင် တခါတလေ ကျော်ဖြတ် ထွက်ပေါ်လာတာတွေ့နေရပါရဲ့.. မှန်သောစကား ပြောပါများက ကြားရနားဝ ခါးလေမလား တော့တွေးမိပါတယ်.. ဒါပေမယ့် နည်းနည်းလေးတော့ပြောပါရစေ..
မြန်မာမိန်းကလေးတွေကို အဓိကသူတပါးကစော်ကားပြောဆို ရှုံ့ချတာမဖြစ်အောင် မြန်မာအမျိုးသားများက ၀ိုင်းဝန်းစောင့်ရှောက်ပေးသင့်တယ်လို့ ထင်ပါတယ်.. မြန်မာမိန်းကလေးတွေ ပွင့်လင်းမြင်သာဝတ်စားလာတယ်.. အမြင်မတော်လို့ ပြောဆိုကြတာ မှားတယ်လို့မဆိုပါဘူး.. ဒါပေမယ့် တချို့က တမင်ကို မြန်မာမိန်းကလေးတွေ သိက္ခာကျစေဖို့ ရည်ရွယ်ချက်ရှိရှိဖွတယ်.. ဒါကို ပြဿနာရဲ့ အရင်းအမြစ်ကို သေချာမလေ့လာဘဲ ဟုတ်မှန်းမဟုတ်မှန်း မဆန်းစစ်နိုင်ခင် အဆင့်ဆင့်ကူးယူ ထပ်ဖွကြတယ်.. ဆွမ်းကြီးလောင်းလိုသူ ကိုကိုမမများက ပျော်ပျော်ပါးပါး ကွန်မန့်များနဲ့ ဆဲကြတယ်.. ပြောကြတယ်.. မြန်မာနိုင်ငံသားအတော်များများဟာ ခုခောတ်စကားနဲ့ဆို ဆေးထိုးလို့သိပ်ကောင်းတယ်လို့ ပြောရင်နာကြမှာဘဲနော်.. သင်္ကြန်အကြိုနေ့မှာ စွပ်ကျယ်အဖြူပါးပါးလေးနဲ့ မိန်းကလေးတယောက်ရေစိုရွှဲနေတဲ့ပုံ တက်လာတယ်.. ယောက်ျားလေးများမကြည့်ဘူးလား.. ကြည့်တာပေါ့ရှင်.. ဘာသားနဲ့ထုထားတာမှတ်လို့.. ပြီးမှ ပြောကြဆိုကြတာ.. အဲ့မိန်းကလေးက ထိုင်းမလေးပါ.. ဒါပေမယ့်ဖွတဲ့သူက မြန်မာမလေးလို့တင်လိုက်တယ်.. အခြေအနေအမှန်ကို ဘယ်သူမှမစစ်ဆေးဘူး.. ဆွမ်းကြီးဝိုင်းလောင်းကြတယ်.. နောက်တခု မဏ္ဍပ်တခုမှာ ဖင်ပေါ်ရင်ပေါ်ကနေတဲ့မိန်းကလေးတစု.. ဖွတဲ့သူကကမ္ဘာအေးဘုရားလမ်းက Grand Royal မဏ္ဍပ်လို့ဆိုထားပါတယ်.. အဲ့မဏ္ဍပ်ကို ရောက်ခဲ့သူအတော်များများ ရှိပါတယ်.. တကယ်တွေ့ခဲ့ကြတာလားရှင်.. သိရသလောက်တော့ အဲ့ပုံတွေဟာ ချင်းမိုင်က Grand Royal မဏ္ဍပ်မှာ ထိုင်းအကအဖွဲ့တခုကို ငှားကခိုင်းတဲ့ပုံတွေလို့သိရပါတယ်.. ကဲ..ဒီလောက်ဆို ကျွန်မတို့ရွှေမြန်မာတွေကို ဘယ်လောက်ဆေးထိုးရလွယ်တယ်ဆိုတာ သဘောပေါက်မှာပါ..တဦးတယောက်က ရည်ရွယ်ချက်ရှိရှိ မြန်မာမိန်းကလေးတွေကိုသိက္ခာ ကျစေချင်နေတာ.. အဲ့ကုမ္ပဏီကိုတိုက်ခိုက်ချင်နေတာ သိသာပါတယ်.. ဖေ့ဘုတ်ပေါ်မှာ သတင်းတခုတက်လာရင် ဟုတ်ဟုတ် မဟုတ်ဟုတ် ဆွမ်းကြီးလောင်းပြီး ဦးအောင်ဆဲချင်တာထက် တကယ်ဖြစ်နိုင်လား နည်းနည်းလေ့လာစေလိုပါတယ်.. တချို့တိုင်းတပါးသားတွေအမြင်မှာ မြန်မာတွေဟာ အယုံလွယ် သွေးဆူလွယ်သူတွေ အဖြစ် မြင်နေကြတာ မကောင်းပါဘူး.. ဟိုတလောကလည်း ဂျကာတာကစားသောက်ဆိုင်တခုမှာ ရေကန်ထဲဘီကီနီပျိုဖြူလေးတွေ ဟန်ရေးပြနေတဲ့ ပုံတွေကိုနေပြည်တော်မှာဖွင့်ထားတဲ့ဆိုင်ပါဆိုပြီး တင်ထားတာတွေ့ရပါတယ်.. ကျွန်မတို့မြန်မာတွေ သူများလှည့်ပတ်တိုင်း ယုံနေကြပြီလားရှင်.. ဖွတဲ့သူကတော့ ယုံလွယ်ပြီးလိုက်ပြော..ထပ်ရှယ်..ထပ်ဖွပေးနေတဲ့သူတွေ.. ၀ိုင်းဆဲပေးနေသူတွေကို တနေရာက ပြုံးပြုံးကြီးကြည့်နေမှာဘဲ.. ဆီဒိုးနားမှာဆိုတဲ့ ကောလဟာလ ဗွီဒီယို တုန်းကလဲ ရွှေမြန်မာတွေ မအိပ်မနေအသက်ရှည် ဒေါင်းလိုက်ကြတာ.. နောက်ဆုံး လုပ်တဲ့သူက အပျော်သဘောနဲ့ နောက်လိုက်တာပါဆိုတော့မှ မောသွားကြတယ်.. အဲ့တုန်းကလည်း တကယ်ဘဲ ကြည့်ရသယောင်နဲ့ အညာမိသူတွေက အရှက်ပြေ ထပ်ဖွတော့ ပိုပွပြီး အဟုတ်ကြီးထင်သူတွေ တော်တော်လေး MPT ကိုအလုပ်အကျွေးပြုလိုက်ပါသေးတယ်.. အဓိကပြောချင်တာက အွန်လိုင်းပေါ်က သတင်းတွေကို ချင့်ချိန်ယုံကြပါရှင်.. တချို့က တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာတွေ ရှိပါတယ်.. မြန်မာလူမျိုးအပေါင်း ကိုယ့်ကိုယ်ပိုင် အတွေးအခေါ်နဲ့စဉ်းစားချင့်ချိန်ကြပါ.. တို့လူလေးများဆိုသလေ တိုင်နေတိုင်း ဝေလေလေမအော်မိအောင်သတိထားကြပါလို့.. မှန်သောစကား နားမှာခါးသော် တောင်းပန်ပါတယ်ရှင်..
(မြန်မာမိန်းကလေးများလည်း ပွင့်လင်းမြင်သာစွာ ၀တ်ဆင်မှုဟာ တဖက်လူကိုသွေးဆူစေရုံ မှတပါး မိမိတန်ဖိုးကို အနိမ့်ဆုံးအထိလျော့ကျစေကြောင်း သတိပြုမိစေချင်ပါတယ်)
မှတ်ချက်။ ။ တခါတလေ ကျွန်မတို့မြန်မာတွေစာကိုသေချာသဘောပေါက်အောင်ဖတ်စေချင်ပါတယ်..အဖြစ်အပျက်၎ခုရေးပြထားတယ်..အနီးဆုံးပြလို့ရတဲ့သင်္ကြန်ထဲကအဖြစ်အပျက်၂ခုပါတယ်.. သင်္ကြန်မှာမြန်မာမလေးတွေဖော်တယ်..ဒါကိုမပြောသင့်ဘူးလို့ကျွန်မပို့စ်မှာမရေးထားဘူး..သေချာဖတ်စေချင်တယ်..ကျွန်မပြောချင်တာအွန်လိုင်းပေါ်တက်လာတဲ့ဘယ်အကြောင်းအရာမဆို ဆွမ်းကြီးမလောင်းဘဲချင့်ချိန်ယုံဖို့
No comments:
Post a Comment