Friday, April 18, 2014

အထူး မင်္ဂလာ သတင်းကောင်းပါး ပါရစေတော့..

Khin Zaw added 2 new photos.
1 hr ·
အထူး မင်္ဂလာ သတင်းကောင်းပါး ပါရစေတော့..
===
ဘင်္ဂလားနယ်စပ် နတ်ကိုးကွယ် ကသည်းလူမျိုးစု ဗုဒ္ဓဘာသာသို့ ပြောင်းမည်
==
ရန်ကုန်၊ ဧပြီ ၁၇
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောဒေသ အတွင်းတွင် နေထိုင်သော ရှေးရိုးနတ်ကိုးကွယ် ကသည်း လူမျိုးစု ၃၃၇ ဦးသည် လာမည့်မေလ ၆ ရက်နေ့တွင် ၎င်းတို့၏ ဆန္ဒပြုမှုဖြင့် အလိုတော်ပြည့် ဆရာတော် ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသထံမှ ဗုဒ္ဓအဆုံးအမ အမွေအနှစ်ကို ခံယူ၍ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်း သွားကြရန်ရှိကြောင်း မြန်မာသံတော်ဆင့်သို့ အလိုတော်ပြည့် ဆရာတော်မှ မိန့်ကြားသည်။
““သရဏံဂုဏ်၊ ငါးပါးသီလနှင့် ဗုဒ္ဓဘာသာအမွေကို ခံယူကြမှာ ဖြစ်ပါတယ်။ အဲဒီဒေသဆိုတာ ဘာသာခြားတွေ များပြားတဲ့ နေရာဖြစ်တယ်။ အခုလို အခြားကိုးကွယ်မှု အစဉ်အလာရှိတဲ့ လူမျိုးစုတစ်စုက ဗုဒ္ဓဘာသာ ခံယူခြင်း ဖြစ်တဲ့အတွက် ထူးထူးခြားခြား ဖြစ်တယ်။ ဒါဟာ မြန်မာပြည်မှာ ထူးဆန်းတဲ့ ဗုဒ္ဓဘာသာ ခံယူကူးပြောင်းမှု တစ်ခုဖြစ်သလို ရခိုင်ပြည်နယ်ထဲမှာ မပေါ်ပေါက်သေးတဲ့ ဗုဒ္ဓဘာသာအတွက် ထူးခြားမှုတစ်ခု ဖြစ်တယ်””ဟု အလိုတော်ပြည့် ဆရာတော်ဘုရားကြီးက မိန့်ကြားသည်။
အဆိုပါ ဗုဒ္ဓဘာသာခံယူပွဲသို့ အလိုတော်ပြည့် ဆရာတော်ဘုရားကြီး ကြီးမှူး၍ ရခိုင်ပြည်နယ် အတွင်းရှိ အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော်များ၊ သာသနာရေးဝန်ကြီး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ရခိုင်ပြည်နယ် တိုင်းမှူးတို့ ကိုယ်တိုင် တက်ရောက်ကြမည် ဖြစ်သည်။
ယင်း ဗုဒ္ဓဘာသာ ခံယူပွဲတွင် မောင်တောဒေသအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ စိတ်ဓာတ်အင်အား မြှင့်တင်မှု တစ်ရပ် အနေဖြင့်လည်း ရခိုင်တိုင်းရင်းသား အနုပညာရှင်များက ဖျော်ဖြေရေးများ ပြုလုပ် ပေးသွားမည် ဖြစ်သည်။
Like · ·

No comments:

Post a Comment