Saturday, April 19, 2014

အချစ်ကဗျာ ရိုးရိုးလေးတစ်ပုဒ်

အချစ်ကဗျာ ရိုးရိုးလေးတစ်ပုဒ်
**********************
တို့နှစ်ယောက်ဘဝ
နေ့ နဲ့ ည လွဲနေပေမယ့်
နေ နဲ့ လ က အဖော်ရနေတယ်။

တို့က မင်းကိုချစ်တာ နေမင်းကို ပြောလိုက်မယ်
မင်းက တို့ကို ချစ်တာ လမင်းကို ပြောလိုက်ပါ
တို့ဆီမှာ နေမင်းကွယ်ပေမယ့်
မင်းဆီမှာ နေမင်းသာမယ်
မင်းဆီမှာ လမင်းကွယ်ပေမယ့်
တို့ဆီမှာ လမင်းသာမယ်။
နေနဲ့ လ ရှိနေတိုင်း
တို့နဲ့မင်းဘဝ
ရွှေနဲ့မြ ဖြစ်နေစေရမယ်။
နေမကွယ်
လမကွယ်
အချစ်မပျယ်ကြေးပေါ့။ ။
ကိုရင်လူထွက် ငပိချက်
Like · ·

No comments:

Post a Comment