အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး
အချစ်ခြင်းတူရင် စစ်ခင်းယူမည်
အချစ်ခြင်းတူရင် စစ်ခင်းယူမည်
နှစ်ဘက်စလုံး
ဆုံးရှုံးမြဲပါ..။
“အချစ်တစ်ပွဲ
စစ်ပွဲတစ်ရာ”တဲ့
လမ်းအခွဲမှာ
ခါးသက်တဲ့ စကားလုံးတွေနဲ့
နှလုံးသားကို
ဓားထက်ထက်နဲ့ခွဲပြီးနောက်
မင်း..နိုင်ပြီထင်လား..?
သေချာအောင်
ဦးနှောက်ပေါ်
နှလုံးသားတင်ပြီး
တစ်ခေါက်လောက်
ပြန်စဉ်းစားပါ..
နိုင်တာသေချာရဲ့လားလို့..။
အတိတ်အကြောင်းတွေက
မင်း...လိပ်ပြာလုံစေတယ်ဆို
နောက်ဆုံးအချိန်မှာ
“ခွင့်လွှတ်ပါ”ဆိုတဲ့စကား
မပြောခဲ့သင့်ဘူး...။
တစ်ကယ်တော့
ဒီပွဲမှာ..
ငါ..ရှုံးသလို
မင်းလည်း
မနိုင်ပါဘူးကွာ...။ငါ့လိုလူ(ရွှေ
No comments:
Post a Comment