တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရ မည့် စနစ် ဖျက်သိမ်း
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က မြန်မာ နိုင်ငံ၏ ပြည်နယ် နှင့် တိုင်းများ တွင် ရောင်းချ ပေးနေ သည့် တန်ဖိုး နည်း ဖုန်း များ တွင် တစ်လ ကျပ် ၂၅၀၀ မဖြစ် မနေ သုံးရမည့် စနစ်ကို ဖျက်သိမ်း လိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။ ဆင်းမ်ကတ် များ ကို ယခင် ကဲ့သို့ ပိုက်ဆံ မဖြတ်တော့ ဘဲ ငွေဖြည့် ပါက သက်တမ်း တိုးသည့် စနစ် ကို ကျင့်သုံး နေကြောင်း ၎င်းက ဆိုသည်။ “ငွေတော့ မဖြတ် တော့ဘူး။ မသုံး ဖြစ်လည်း ကတ် မပိတ် သွားအောင် သက် တမ်း တိုးဖို့ ပိုက်ဆံ တော့ ထည့်ရ မယ်” ဟု ၎င်းက ဆို သည်။
ယင်း အပြင်၂၀၁၃ ခုနှစ် ဧပြီ လမှ စတင် ရောင်းချ ခဲ့သော (၁၅၀၀ ကျပ်တန်) တန်ဖိုး နည်း မိုဘိုင်းလ် ဖုန်း များကို စတင် ရောင်းချ ပြီး ၁၅ ရက် အတွင်း အသုံးပြု ရမည် ဖြစ်သော် လည်း ဧပြီ လမှ စတင်ကာ ရက် ၃၀ အတွင်း အသုံးပြု ရမည် ဟု ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြား သည်။ “တစ်လ ၂၅၀၀ က လူ အများစု ကုန် ပါတယ်။ ဖုန်း ပေါက်ပြီးပြီး ချင်း ၁၅ ရက် အတွင်း သုံး ရမယ် ဆိုတာ ထက် စာရင် ခု တစ်လ အချိန် ရတော့ ကိုယ့် စိတ်ကြိုက် ဟန်းဆက် ဝယ်ဖို့ အခွင့် အရေး ပိုတာ ပေါ့” ဟု တောင် ဥက္ကလာပ မြို့နယ် တွင် နေထိုင်ပြီး တန်ဖိုး နည်း ဖုန်း ကိုင်ဆောင် အသုံးပြု နေသည့် ဦးပြည့်ဖြိုးအောင် က ဆိုသည်။
မဟာ သင်္ကြန် ပွဲတော် ကာလ ၏ အထူး အစီအစဉ် အဖြစ် မိုဘိုင်းလ် ဖုန်း သုံးစွဲ သူများကို အပိုငွေ ထပ်ဆောင်း ဖြည့်စွက် ပေးမည့် အစီ အစဉ် တစ်ခု ပြုလုပ် သွားမည် ဖြစ်ပြီး ယင်း အစီအစဉ် ကို မကြာမီ အသေး စိတ် ထုတ်ပြန် ကြေညာ သွားမည် ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က ထုတ်ပြန် ထား သည်။ မြန်မာ နိုင်ငံ တွင်း ပြည်ပ ဆက်သွယ် ရေး အော်ပ ရေတာ လုပ်ကိုင် ခွင့် ရထား သည့် အော်ရီဒူး နှင့် တယ်လီနော တို့ ကလည်း ဖုန်းလိုင်း ကတ် ကို ၁၅၀၀ ကျပ်၊ ဖုန်းပြော ခ တစ် မိနစ် ၂၅ ကျပ် ဝန်းကျင် နှင့် မြန်နှုန်း မြင့် အင်တာ နက် ဝန်ဆောင် မှုများ ပါသည့် ဖုန်းကတ် များကို ဇူလိုင် လ အတွင်း ရောင်းချ ပေးမည် ဟု ကြေညာ ထားသည်။

No comments:
Post a Comment