Thursday, January 9, 2014
ရွှေဆိုင်များကို မသမာသူ များ အကြမ်း ဖက်လုယက်ခြင်းမပြု လုပ်နိုင်ရန်အတွက် ရွှေဆိုင်ပိုင်ရှင် များသည် ကျဉ်စက်များဝယ်ယူရန် စီစဉ်လာကြကြောင်း ရွှေဆိုင်လုပ် ငန်းရှင်များထံမှ သိရသည်။ မန္တလေးရှိ မောင်ကိန်း ရွှေဆိုင် ဓားပြတိုက်ခံရသည့်ဖြစ်ရပ် ပြီးသည့်နောက်ပိုင်းတွင် ရွှေဆိုင် အများစုမှာ ဆိုင်လုံခြုံရေးအတွက် ယခုကဲ့သို့ ပြုလုပ်ရန် စီစဉ်လာခြင်း ဖြစ်ကြောင်း ရွှေစင်ရွှေဆိုင်မှ တာ ဝန်ရှိသူ ဦးစိုးမိုးကျော်က ဇန်နဝါ ရီ ရရက်တွင် ပန်ဒါဟိုတယ်၌ ပြု လုပ်ခဲ့ သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ရွှေလုပ်ငန်းရှင်များအသင်းတို့ ရွှေဆိုင်များလုံခြုံရေးအတွက် ပူး ပေါင်းလုပ်ဆောင်သည့်ပွဲတွင် ယခု ကဲ့သို့ ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစိုးမိုးကျော်က ''ကျွန်တော် တို့အပါအဝင် ရွှေဆိုင်အများစုက တော့ ဆိုင်လုံခြုံရေးကိုလဲ အတတ် နိုင်ဆုံး တိုးမြှင့်လုပ်ဆောင်နေတယ်။ မသမာသူတွေ အကြမ်းဖက်လုယက် တဲ့ရန်က ကင်းဝေးဖို့ ကျဉ်စက်တွေ တောင် ဝယ်ဖို့ စီစဉ်နေတယ်''ဟု ပြောသည်။
သို့ရာတွင် မင်္ဂလာဒုံမြို့နယ် ရှိ နယူးရွှေစင်စိန်ရွှေရတနာရောင်း ဝယ်ရေးမှ ပိုင်ရှင်ဦးစိုးမြတ်က ''ကျွန် တော်တို့အနေနဲ့ ရွှေဆိုင်လုံခြုံရေး အတွက် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ မသမာသူတွေ ရွှေဆိုင်ထဲကို လာပြီး အကြမ်းဖက်တိုက်ခိုက် လု ယက်မှု တွေပြုရင် ဘယ်လိုကာကွယ် ရမလဲ သိချင်တယ်။ တုတ်နဲ့ပဲရိုက် ရမလား၊ ဒါမှမဟုတ် ကျဉ်စက်ကို ပဲ အသုံးပြုရမလား။ ကျဉ်စက်အ သုံးပြုလို့ရလားဆိုတာတွေကို ရဲတပ် ဖွဲ့ဝင်တွေကို မေးချင်ပါတယ်''ဟု အနောက်ပိုင်းခရိုင် ဒုရဲမှူး ကြီး ဝင်းကြည်အား မေးမြန်း ခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ဒုရဲမှူး ကြီးဝင်းကြည်က ''တကယ်လို့ ကျဉ် စက်သုံးတဲ့အခါ နှလုံးရောဂါအခံ ရှိတဲ့သူဆိုရင် သေသွားနိုင်တယ်။ ဒါဆိုရင် ဥပဒေအရ ဒီလိုလုပ်တဲ့သူ က အရေးယူခံရမယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မသုံးစေချင်ဘူး။ တ ကယ်လို့ မသမာသူတွေက သေ နတ်နဲ့ဖြစ်စေ၊ ဓားနဲ့ဖြစ်စေ ရန်ပြု တော့မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါ့ကြောင့် ဆိုင်မှာ လုံခြုံရေးဝန်ထမ်း တိုးချထားတာတို့၊ လုံခြုံရေးတွေ ကိုင်တဲ့ ရော်ဘာတုတ်နဲ့ ခေါင်းက လွဲပြီး ကျန်တဲ့အပိုင်းကို ရိုက်ပြီး ဖမ်းတာ တို့အပြင် လုံးထွေးသတ် ပုတ်ပြီး ဝိုင်းဖမ်းတာလောက်ပဲလုပ် ရင် ပိုကောင်းတယ်။ ကိုယ့်အသက် အန္တရာယ်နဲ့ကြုံတွေ့လာရင်တော့ တစ်မျိုးပေါ့''ဟု ပြောသည်
No comments:
Post a Comment