အမေရိကန်ပြည်ထောင်စု အရှေ့အလယ် ပိုင်းနှင့် အရှေ့ တောင်ပိုင်း ဒေသ များမှ စတင် ခဲ့သော ဆောင်းတွင်း အအေး ဓာတ် လွန်ကဲမှု များမှာ အင်္ဂါနေ့ ကစပြီး အရှေ့ပိုင်း ဒေသ သို့ ပျံ့နှံ့ ရောက်ရှိ ကာ ဆယ်စုနှစ် များ အတွင်း စံချိန်တင် အဆင့် သို့ ရောက်ရှိ သွားခဲ့ရာ မှ လူ ကိုးဦး သေဆုံး သွားခဲ့ ကြောင်း၊ အအေး ဓာတ် လွန်ကဲမှု ကြောင့် လေကြောင်း လိုင်းနှင့် ကုန်လမ်း ပို့ဆောင်ရေး လုပ်ငန်း များ ပြတ်တောက် သွားခဲ့ခြင်း၊ လောင်စာ ဈေးနှုန်း မြင့်တက် သွားခြင်း နှင့် အိုးမဲ့ အိမ်မဲ့များ အကျပ် ဆိုက် ရခြင်း များ ဖြစ်ပေါ် စေခဲ့ ကြောင်း ရိုက်တာ သတင်း တစ်ရပ် အရ သိရသည်။
ရက်ပိုင်း အတွင်း မကြုံ စဖူး အအေး ဓာတ် လွန်ကဲ လာမှုနှင့် အတူ ည အပူချိန် မှာ ၂၅ မှ ၃၅ ဒီဂရီ ဖာရင်ဟိုက် ၉၁၄ မှ ၁၉ ဒီဂရီ စင်တီ ဂရိတ် သို့ ရောက်ရှိ လာချိန် တွင် ဓာတ်အား စက်ရုံ အချို့ ရပ်နား ခဲ့ရ သဖြင့် အဆိုပါ ဒေသရှိ မာရသွန် ရေနံ ကုမ္ပဏီနှင့် အက်ဇွန် ရေနံ ကုမ္ပဏီ အပါ အဝင် ရေနံချက် စက်ရုံ များ ပိတ်ထား လိုက်ရ ကြောင်း၊ တစ်ချိန် တည်း မှာပင် အမေရိကန် ပြည်ထောင်စု ရှိ ပြည်နယ် အများစု မှာ အအေးဓာတ် လွန်ကဲမှု ဆိုင်ရာ ကြိုတင် သတိပေး ကြေညာ ချက်များ ထုတ်ပြန် ထားရ ကြောင်း အဆိုပါ သတင်း ၌ ဖော်ပြ ထားသည်။
နေ့ချင်း ညချင်း အအေး ဓာတ် လွန်ကဲမှု ကြောင့် ဓာတ်အား စက်ရုံ အချို့ ရပ်ထား လိုက်ရချိန် တွင် အုတ္ကလာ အိုမာ ပြည်နယ် အတွင်း ပရိုပိန်း ဓာတ်ငွေ့ ပို့လွှတ်မှု ပါ ပြတ်တောက် သွားခဲ့ရာ ပြည်နယ် အုပ်ချုပ် ရေးမှူး မာရီဖော်လင် က အရေးပေါ် အခြေ အနေ တစ်ရပ် ထုတ်ပြန် ကြေညာ ကာ အဆိုပါ ပြည်နယ် အတွင်း ပရိုပိန်း ဓာတ်ငွေ့များ ပို့ဆောင် ပေးကြရန် သက်ဆိုင်ရာ ပို့ဆောင်ရေး ကုမ္ပဏီ များသို့ မေတ္တာ ရပ်ခံ ထားရ ကြောင်း သိရ သည်။
ကြေးမုံ
No comments:
Post a Comment