၂၀၄ ဘတ်စ်ကားပေါ်မှ ခါးပိုက်နှိုက်နှစ်ဦး ဖမ်းမိ
Thursday, January 9, 2014
(၂၀၄) ယာဉ်လိုင်းပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ရွှေဥ(ခ)တင်ရွှေဦး (ဘ) ဦးတင်ရွှေ ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူနှင့်
ရာဇာ(ဘ)ဦးတင်ရွှေ တွံတေးမြို့နယ်နေသူတို့ကို ပန်းဘဲ တန်းမြို့နယ်၊
ကုန်သည်လမ်းနှင့် လမ်း(၃၀)ထိပ် ကားမှတ်တိုင်၌ ဇန်န၀ါရီ ၇ ရက်၊ မွန်းလွဲ
၃နာရီခန့်တွင် ဖမ်းမိခဲ့သည်ဟု ရဲဇာနည်ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် လမ်း(၃၀) ထိပ်ကား မှတ်တိုင်၌ ၎င်းယာဉ်ပေါ်မှ ဆင်းလာသည့် သံသယရှိသူနှစ်ဦးကိုရှာဖွေခဲ့ရာ ရွှေဥ(ခ)တင်ရွှေဦးထံမှ ငွေ ကျပ် ၁၈,၅၀၀အား တွေ့ရှိသည်။
ဆက်လက်စစ်ဆေးရာတွင် ယာဉ်ပေါ်စီးနင်းလိုက်ပါလာစဉ် ရာဇာက လူကာပေးပြီး
ရွှေဥ(ခ)တင်ရွှေဦးက ယာဉ် ပေါ်ပါအသက်(၅၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏
လက်ကိုင်အိတ်အတွင်းမှ နှိုက်ယူရရှိခဲ့သော ငွေ များဖြစ်ကြောင်း
ပေါ်ပေါက်သဖြင့် ၎င်းတို့နှစ်ဦးအား ပန်းဘဲတန်းမြို့မရဲစခန်းက ပြစ်မှုအမှတ်(ပ)
၇/၂၀၁၄၊ ပုဒ်မ ၃၇၉(နှိုက်) /၅၄ ဖြင့် အရေးယူထားသည်။
No comments:
Post a Comment