Monday, March 3, 2014

တစ်ချိန်က သံလွင်



-------------------

တောတောင်ရေမြေတွေက
စိမ်းလန်း နေပါသော်လည်း...

သစ်ပင်မန်းပင် တွေ က
စိမ်းလန်းနေ ပါသော်လည်း...

မြင်မြင်သမျ စစ်စိမ်းလေးတွေက
စိမ်း နေပါသော်လည်း...

ငါ မှာ မအေးချမ်းနိုင်ပဲ
ရှိနေရတယ်..

ဘာကြောင့်ပါလဲဆိုရင်..
အမိန့် နဲ့  တာဝန်တွေကြားမှ..

စွန့် စားရမည့် စိတ်ဓာတ်များကို
မြင့်တင်ပေးရင်း တိုက်ပွဲကြားမှ
ပင်ပန်းဆင်းရဲမှုတွေ ကို...

ဘယ်လို မျက်လုံးမျိုးနင့် မြင်ရက်
မှာလဲ ဗျာ.....။

အခုတော့လည်း တစ်ချိန်က သံလွင်
ဆိုတာ သူမဟုတ်တဲ့ အတိုင်း...

သာယာလှပနေလျက် ပန်းချီကားသဖွယ်
ငေးမောကြည့်လို့  နေရပြန်တယ်...။

လေးစားလျက်

.
.
.
.
.

စစ် နောင်

No comments:

Post a Comment