Wednesday, March 5, 2014

… အမျိုးစောင့်ပါ မျိုးမြန်မာ…

Wai Wai Lwin was tagged in a photo.


ထွန်သွား ဆို တာ

ထွန်မှာပဲတပ်ပြီး

နွံ့အထပ်ထပ်လူး လို့

မချွန်ထက်တော့ဘူး ဆိုရင်……

သပ်ကိုအသာဖယ်

အသွားကို အမြန်ချွတ်ပြီး

အသစ်လဲ ချင်လဲ

အဟောင်းကို ပြင်ချင်လည်းပြင်လို့

နောင် ယာကွက်အတွက်

ထွန်ရေးညက်စေဖို့

ကြိုးပမ်းရမယ်။ ။

ဒီယာခင်းညက်လို့

ဒီထွန်ကို လွှင့်ပြစ်ရင်

မင်းလောက်မိုက်တဲ့ ငမိုက်သား

ဇမ္ဘူမှာ ရှားလို့

လူတကာရဲ့ အောက်မှာ

ပြားပြားမှောက်မှာပေါ့ သူငယ်ချင်း……

ထွန်သွားနဲ့တူတဲ့ တို့စိတ်ဓာတ်

တုန်းနေတဲ့ မျိုးချစ်စိတ်ကို

မင်း ဘယ်လိုပြင်မှာလဲ။

ဘာသာတရား ဆိုတဲ့

လယ်ယာ ကွက်အတွက်

အမျိုးချစ်တဲ့ ထွန်သွားကို

မင်း မပြင်တော့ ဘူးလား……

ရတနာ သုံးပါကို အရင်းပြု

ဘာသာလူမျိုးကို ရှေးရှုတဲ့

၉၆၉ ကို မင်း

ဘာလို့ အန်တု

မင်းစိတ်ဓာတ်ကို

အခုပဲပြင်လိုက်ပါ။ ။

သပ်မကောင်းရင် အသစ်လဲ

မှိုင်းစွဲနေတဲ့ မင်းအမြင်ကြောင့်

ဘာသာ ပျောက်အောင်တော့

မလုပ်နဲ့။ ။

မြန်မာ ဆိုတာ

ဗုဒ္ဓ ဘာသာရဲ့

နောက်ဆုံးခံစစ်

ဒီစည်းရိုး ကျိုးခဲ့ရင်……

တို့ အမျိုးပျက်ရုံတင်မဟုတ်ဘူး

ဘာသာပါ လုံးလုံး ဆုံးလိမ့်မယ်

ဒါ့ကြောင့်

တို့ဘာသာ သာသနာအတွက်

ကိုယ်ကျိုးမဖက်တဲ့

သာသနာ့ အာဇာနည်တွေကို

မင်း မပုတ်ခတ်ပါနဲ့

မြန်မာမှန်ရင် မြန်မာသွေးနဲ့

တတ်အားသရွေ့ ဝိုင်းကူ

တို့ပြိုင်တူတွန်းရင်

ဒီလှည်းဘီး ရွေ့နိုင်မှာမို့

အမျိုးစောင့်ပါ သူငယ်ချင်း။ ။

=====မျိုးချစ်=====

သတိုး
=====(((((())))))))))=====================
Like ·

No comments:

Post a Comment