Wednesday, March 5, 2014

ဒေါ်စန္ဒာမင်း (သို့မဟုတ်) “ပြည့်တန်းဆာလိုင်စင်”ကို တောင်းဆိုပြီး “အမျိုးစောင့်ဥပဒေ”ကို ကန့်ကွက်သော လွှတ်တော်ကိုယ်စားလှယ်



Ashin Dayweinda ရေးသည်။
----------------------

ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်၏။ သူမသည် ပြည့်တန်းဆာများ “တရားဝင်လိုင်စင်”ရဖို့ အတွက် ကြိုးစားအားထုတ်လျက် ရှိ၏။

ပြည့်တန်းဆာမများကို ကိုယ်ချင်းစာနာသောကြောင့်လော၊ သူမကိုယ်တိုင်က ပြည့်တန်ဆာလုပ်ချင်၍လောဆိုသည်မှာ သူမသာ အသိဆုံး ဖြစ်ပေမည်။

ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ မိန့်ခွန်းကို သတိရမိ၏။ “ကျုပ်တို့ဟာ သူများတွေ တစ်လှမ်းလှမ်းရင် ဆယ်လှမ်းလောက် လှမ်းနိုင်မှ တော်ကာကျမယ်၊ ဒီလိုမှ မဟုတ်ဘူးဆိုရင် ကျုပ်တို့နိုင်ငံကြီးဟာ ဟိုလူလာရင် မျက်နှာချိုသွေးရ၊ ဒီလူလာရင် မျက်နှာချိုသွေးရနဲ့ မြန်မာနိုင်ငံကြီးဟာ ဖာနိုင်ငံကြီး ဖြစ်သွားနိုင်တယ်” ဟူ၏။

ဒေါ်စန္ဒာမင်းသည် ပြည့်တန်ဆာများကိုသာ ကိုယ်ချင်းစာနာမှုရှိပြီး အနှိပ်စက်ခံ မြန်မာအမျိုးသမီးလေးများကိုတော့ ကိုယ်ချင်းစာစိတ် ရှိဟန် မတူပေ။ ဘာ့ကြောင့်နည်း၊ “အမျိုးစောင့်ဥပဒေ”ကို ကန့်ကွက်သောကြောင့်တည်း။

သူမက ပြော၏ “ကျမတို့နိုင်ငံမှာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေပြဋ္ဌာန်းရတဲ့အထိ ကျမတို့မြန်မာလူမျိုးတွေက မယိမ်းယိုင်သေးဘူး”တဲ့။ ပြောပုံက တကယ့် လူကြီးလူကောင်းဆန်ဆန်။ ဒီဥပဒေက မြန်မာအမျိုးသမီးတွေ ကိုယ်ကျင့်သိက္ခာ မရှိလို့ ရေးဆွဲထားသလိုလို။

ဒီဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတာက မြန်မာအမျိုးသမီးတွေ ယိမ်းယိုင်နေလို့ မဟုတ်ဘူး၊ မြန်မာအမျိုးသမီး တွေ အနိုင်ကျင့်ခံရလို့ပါ။ သူမသည် အမျိုးစောင့်ဥပဒေကို သဘောပေါက်ဟန် မတူပေ။ ဒါလေးကိုတောင် မသိဘူးဆိုတော့ “စုံလုံးကန်း လွှတ်တော်ကိုယ်စားလှယ်”ဟု ပြောရမည် ဖြစ်၏။

မြန်မာပြည်မှာ ကုလားမယားဖြစ်သွားလို့ အရိုက်ခံရတဲ့သူတွေ၊ ဗလီထဲမှာ ဘုရားပုံနင်းခိုင်းတာတွေဟာ ဒုနဲ့ဒေးပါ။ အထောက်အထားအပြည့်အစုံ ရှိပါတယ်။ နေရပ်လိပ်စာနှင့် စာအုပ်တွေ ထွက်နေပါပြီ။ ဒီလို အားကိုးရာမဲ့ အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် “အမျိုးစောင့် ဥပဒေ” လိုအပ်နေတာပါ။

ဒေါ်စန္ဒာမင်းလို အမျိုးမစောင့်ချင်တဲ့ အမျိုးသမီးတွေကြောင့် အမျိုးကောင်းသမီးတွေ ဂုဏ်သိက္ခာကျတာ။ “ ချမ်းသာလို့ကတော့ ကုလားလဲယူမယ်၊ အင်္ဂလိပ်လဲ ယူမယ်၊ သွားမပါချင်ရင် နေပါစေ၊ ကားပါဖို့ အရေးကြီးတယ်”ဆိုတဲ့ အမျိုးသမီးများသည် ဒေါ်စန္ဒာမင်းလို မိန်းမမျိုး ဖြစ်ဟန်တူ၏။ ဒါကြောင့် “မိန်းမဖျက်လို့ ပြည်ပျက်ရတယ်”လို့ ပြောခဲ့ကြတာပါ။

No comments:

Post a Comment