Monday, March 3, 2014

မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒက

 အမျိုးစောင့်ဥပဒေနှင့် ပတ်သက်သော သမ္မတကြီး၏ သဝဏ်လွှာနှင့် နာယကကြီး၏ သဝဏ်လွှာတို့ကို အဖိုးမဖြတ်နိုင်သော မွေးနေ့ လက်ဆောင်အဖြစ် ခံယူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသည်ကိုလည်း အဖိုးအနဂ္ဃ လက်ဆောင်တစ်ခုအဖြစ် ဂုဏ်ယူကြောင်း မိန့်ကြားကာ လာမည့်နှစ် ၇၆ နှစ်ပြည့် မွေးနေ့မှာလည်း သမ္မတကြီးရော၊ နာယကကြီးရော၊ ဥက္ကဋ္ဌကြီးပါ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်သော လက်ဆောင်ဆက်လက် ပေးလှူနိုင်ဖို့ လျှော်လင့်ကြောင်း အားကိုးကြောင်း ထည့်သွင်းဟောကြားခဲ့ကြောင်း သိရသည်။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အင်းစိန်ရွာမဆရာတော်ကြီး၏ စိန်ရတုမွေးနေ့ပွဲကို 2.3.2014 မနက် 9:00 နာရီအချိန် အင်းစိန်ရွာမစာသင်တိုက်မှာ ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဆရာတော်များ၊ ပြည်နယ်နှင့်တိုင်း အသီးသီးတို့မှ မ.ဘ.သ အကြီးအကဲဆရာတော်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် ဧည့်ပရိသတ်များ စုံလင်စွာ တက်ရောက်ကြောင်း သိရသည်။

နှစ်နာရီကျော် ကျင်းပသော အခမ်းအနားတွင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဦးကောဝိဒ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်သော သမ္မတကြီး၏ သဝဏ်လွှာနှင့် နာယကကြီး၏ သဝဏ်လွှာတို့ကို အဖိုးမဖြတ်နိုင်သော မွေးနေ့ လက်ဆောင်အဖြစ် ခံယူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသည်ကိုလည်း အဖိုးအနဂ္ဃ လက်ဆောင်တစ်ခုအဖြစ် ဂုဏ်ယူကြောင်း မိန့်ကြားကာ လာမည့်နှစ် ၇၆ နှစ်ပြည့် မွေးနေ့မှာလည်း သမ္မတကြီးရော၊ နာယကကြီးရော၊ ဥက္ကဋ္ဌကြီးပါ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်သော လက်ဆောင်ဆက်လက် ပေးလှူနိုင်ဖို့ လျှော်လင့်ကြောင်း အားကိုးကြောင်း ထည့်သွင်းဟောကြားခဲ့ကြောင်း သိရသည်။

ရွှေရတု တိပိဋကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက ကျေးကုလားတွေကို နှိမ်နင်းခဲ့သော အဘယမထေရ်နှင့် ဒုဋ္ဌဂါမဏိမင်းအကြောင်း ဟောကြားကာ ရေစက်ချရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပါ ရွတ်ဆိုရည်စူး ရေစက်ချပေးခဲ့ကြောင်း သိရသည်။

၁၃၀၀ ပြည့် တပေါင်းလဆန်း ၁-ရက်၊ စနေနေ့ ဖွားမြင်ခဲ့၍
၁၃၇၅ - ခုနှစ် တပေါင်းလဆန်း ၁-ရက်၊ စနေနေ့ ယနေ့ ကျရောက်သော
အနန္တဂိုဏ်းဝင်ကျေးဇူးတော်ရှင်
အဘိဓမ္မာပါရဂူ
အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏
ပဓာနမဟာနာယက
နိုင်ငံတော်သြဝါဒါစရိယ
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ
သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဗဟိုဥက္ကဋ္ဌ
အနေကဂန္ထကာရ ဖြစ်တော်မူသော
ဘဒ္ဒန္တတိလောကာဘိဝံသ မဟာထေရ်မြတ် ၏ စိန်ရတု မွေးနေ့ ကုသိုလ်မင်္ဂလာပွဲ.

No comments:

Post a Comment