Monday, March 3, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မီဒီယာများ ပထမဆုံး အကြိမ်တွေ့ဆုံမည်


=============================================

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည်ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၅ ရက်နေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံမည့်ယင်းတွေ့ဆုံပွဲ အတွက် ပြည်တွင်းမီဒီယာများသို့ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ တစ်ဆင့်ဖိတ်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအတွက် မီဒီယာများမှတက်ရောက်မည့်သူ များသည်မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာန၌ အချက် (၁၀) ချက်ပါ ကိုယ်ရေးအချက်အလက်ပုံစံများ ဖြည့်စွက်၍မတ် ၂ ရက် ညနေ ၆ နာရီနောက်ဆုံးတင်ပြရကြောင်း သိရသည်။

“အလွတ်သဘောတွေ့ဆုံပွဲ လို့လည်းပြောတယ်။ မေးခွန်းမေး မြန်လိုပါက မတ် ၄ ရက်နောက် ဆုံးဖက်စ်နဲ့ ပို့ရမယ်လည်းပါတယ်ဆို တော့ စာနယ်ဇင်းရှင်းလင်းပွဲလို့ လည်းပြောလို့ရမယ်ထင် ပါတယ်”ဟု ပြည် တွင်းသတင်းအယ်ဒီတာတစ် ဦးကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အနေဖြင့် တပ်မတော်ကာ ကွယ် ရေးဦးစီးချုပ် တာဝန်စတင် ထမ်း ဆောင် ချိန်မှ စတင်ကာယနေ့အထိ ကာလအတွင်း ပြည်တွင်း မီဒီယာ များနှင့် တွေ့ဆုံမှု မှာယခုအကြိမ် သည်ပထမဆုံးအကြိမ်ဖြစ်သည်။
====
Like · ·

No comments:

Post a Comment